space

829 71 1
                                    

Unicode

'host ပြန်လည်ကြိုဆိုပါတယ်'

'အင်း ငါဒီတစ်ခေါက် point ဘယ်လောက်ရလဲ ရှောင်း'

'အာ ကျတော်တွက်ကြည့်လိုက်အုံးမယ်
ခဏစောင့် နော် host'

' ရှောင်း ငါနင့်ကိုမေးစရာရှိတယ်
ပထမကမ္ဘာတုန်းက အန်းလုကို ငါ့နောက်လိုက်ခဲ့ဖို့ပြောခဲ့တယ်
နောက် ဒုတိယကမ္ဘာမှာ သူတကယ်လိုက်လာခဲ့တယ်
ငါတို့နှစ်ယောက်က ဘယ်လိုပတ်သက်မူမျိုးရှိနေတာလဲ'

'host ကျတော်ပြောရမယ်ဆိုရင်တော့
ဒါက hostဘာသာရှာဖွေရမယ်လို့ပဲပြောချင်ပါတယ်
အခု ဒုတိယကမ္ဘာကိုကျော်ဖြတ်ပီးပီမို့
မှတ်ညာဏ်လွဲပြောင်းပေးပါမယ်
ဒါပေမယ့် ကျတော်ပြောချင်တာ
နောက်ပိုင်း host ဘယ်လိုကိစ္စကိုပဲမြင်မြင်
မယုံကြည်ဖို့ပါပဲ
အထင်နဲ့အမြင်က လွဲမှားတတ်ပါတယ်'

' ရှောင်း နင်ဘာကြောင့်ဒီလိုပြောလဲ မသိပေမယ့် သတိထားပါ့မယ် ဟုတ်ပီလား
လွဲပေးတော့'

ယုဝမ် ခေါင်းထဲကို မှတ်ညာဏ်တွေအစီအရီရောက်လာသည်မို့ နာကျင်သွားရသည်
သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း
တစုံတခုရဲ့ဆွဲယူခြင်းကိုခံလိုက်ရပီး
သတိမေ့သွားတော့သည်

သူမသတိရလာတော့ သူမရဲ့ရှေ့မှောက်မှာ
တိုက်ခိုက်နေကြတဲ့လူ တွေကိုမြင်လိုက်ရသည်

ဒါပေမယ့် သူတို့ရဲ့ပုံစံက လူသားတွေနဲ့မတူ
သူမယင်းလန် ဘဝတုန်းက စစ်တိုက်တာကို
မြင်တွေ့ဖူးတာကြောင့် ရင်းနှီးနေပေမယ့်
သူတို့ရဲ့တိုက်ခိုက်ပုံက ပိုမို ပြင်းထန်ပီး
ရက်စက်လွန်းသည်
သူမ ကြည့်နေတုန်း သူတို့ထဲကတစ်ယောက်က သူမကိုသတိထားမိသွားပီး တိုက်ခိုက်ဖို့
ရှေ့တိုးလာတော့သည်
သူမရုတ်တရတ် ကြောင်သွားပီး မျက်စိမှိတ်လိုက်ပေမယ့် ဘာနာကျင်မှုမှမခံစားရ

နောက်တော့ ရှောင်းက

'host အဲ့ဒါ မှတ်ညာဏ်အစိတ်အပိုင်းတွေပါ
သူတို့တွေက hostကိုမမြင်ရဘူး
ပီးတော့ hostထင်သလိုဘဲ သူတို့ကလူသားမဟုတ်ဘူး
နတ်တွေ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေ
စစ်တိုက်နေကြတာ သူတို့ကဟိုးနှစ်ထောင်ပေါင်းများစွာကတည်းက
စစ်မက်ဖြစ်ပွားခဲ့ကြတာ
ဘယ်ဘက်ကမှ နိုင်ခဲ့တာမျိုးမရှိခဲ့ပေမယ့်
သေဆုံးတာတွေကတော့ရှိခဲ့တယ်
အချိန်အတော်ကြာမှ နတ်ဘုရားတွေရဲ့ ဘုရင်
ဖြစ်သူနဲ့ နတ်ဆိုးဘုရင် တို့က ငြိမ်းချမ်းရေးယူခဲ့ကြတယ်
သူတို့နှစ်ဘက်လုံးရဲ့
မွေးဖွားလာတဲ့ တော်ဝင်သွေးသားအချင်းချင်းထိမ်းမြားပေးမယ်ဆိုတဲ့သဘောတူညီချက်နဲ့ပေါ့'

villain systemWhere stories live. Discover now