1.3

1.8K 141 0
                                    

ဒီအပိုင်းကစပီးယုဝမ်ကိုပိုင်ယွဲ့လို့သုံးပါမယ်နော်

ဟိုမစ္စတာ ချန်း ကျမကိုဘယ်ခေါ်သွားနေလဲ
ပြောပြလို့ရမလား
ပိုင်ယွဲ့အားကျိုးမှန်တက်​ပြောနေပေမယ့်ဘေးကကျောက်ရုပ်ကလှုပ်တောင်မလှုပ်
ပိုင်ယွဲ့ကိုလည်း ရှိနေမှန်းတောင်ဂရုစိုက်ပုံမရ

စကားပြန်မပြောတော့ကြောင်ပီးသူ့ကိုကြည့်နေတုန်းသူကပြန်ကြည့်လာတာမို့မျက်နှာအမြန်လွဲလိုက်ရတယ်
ပိုင်ယွဲ့တစ်ယောက်အားတင်းကာနောက်တစ်ခေါက်စကားပြောလိုက်ပြန်တယ်
ချန်းအန်းလု ကျမ စူးရိဟွားကိုခြောက်လန့်ဖို့
လုပ်ခဲ့ပေမယ့် ပြန်ပေးစွဲဖို့မလုပ်ခဲ့ပါဘူး
စူရိဟွားကလုပ်....
ပိုင်ယွဲ့ မင်းပါးစပ်ကသူမအကြောင်းဆက်ပြောမယ်ဆိုရင်မင်းကိုတစ်ခုခုလုပ်မှာမို့
ငြိမ်ငြိမ်လေးလိုက်ခဲ့ပေး
စကားတောင်မဆုံးသေးခင်အော်ပြောလိုက်တာမို့ပိုင်ယွဲ့ကိုယ်လေးတုန်တက်သွားရတယ်
ပီးတော့ပါးစပ်ကလည်းတိုးတိုးလေးရေရွတ်လိုက်တယ်
ရှင်တို့နှစ်ယောက်လုံးကသူမကိုသိပ်ချစ်တာပဲလား
ပိုင်ယွဲ့စိတ်ထဲမှာဒီခံစားချက်ကရင်းနှီးနေသလို အလိုလိုနေရင်း ရင်ဘတ်ထဲကအောင့်တက်လာတယ်
ရှောင်းလည်းသူ့ရဲ့hostကိုကြည့်ရင်းစိတ်မကောင်းဖြစ်နေရှာတယ်

အန်းလု ရိဟွားပြန်ပေးစွဲခံရတာကိုသိသိချင်း
လိုက်ရှာခဲ့ပေမယ့် ရိလုံရဲ့ရင်ခွင်ထဲမှာမေ့မြောနေတဲ့ သူမကိုပဲတွေ့ခဲ့ရတယ်
တရားခံကိုရှာတဲ့အခါမှာတော့ ရိလုံရဲ့ကုမ္ပဏီက သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ပိုင်ယွဲ့ဆိုတဲ့မိန်းကလေး
သူမကိုရှာကြည့်တော့သူမကလည်း
ရိဟွားတက်နေတဲ့ဆေးရုံမှာပင်ရှိနေတာ
သူမကိုဖမ်းဖို့သွားတော့ တိုက်တိုက်ဆိုင်ဆိုင်
သူမကသူ့ကိုသူမရဲ့လက်ညစ်ပတ်တေနဲ့
ညစ်ညမ်းစေခဲ့တယ်
သူမကိုဒေါသထွက်လို့အော်ဟစ်ခဲ့ပေမယ့်
ပြန်ကြည့်လာတဲ့သူမရဲ့မျက်လုံးတေက
အပြစ်ကင်းလွန်းနေတယ် ဘာလို့မှန်းမသိ
သူမကိုရက်စက်ချင်တဲ့စိတ်တေအကုန်ကွယ်ပျောက်သွားတယ် သူမရှေ့ရောက်ရင်
အခုလည်းကြည့် သူမကိုအော်လိုက်မိတဲ့ကိုယ့်ကိုကိုယ်မုန်းမိပြန်တယ်
တကယ်ကသူမမလုပ်ဖူးဆိုတာကို
စိတ်ထဲကအလိုလိုသိနေတယ် ဒါကြောင့်
သူမကိုကြောက်မနေစေချင်လို့ပြောလိုက်ပေမယ့် သူမလေးကတော့ပိုတောင်ကြောက်သွားသည်ထင် မျက်ရည်ဥလေးတေဝဲသီနေတာကိုတွေ့လိုက်သည်လေ
ပီးတော့သူရှိနေသည့်ဘက်ကိုပြန်တောင်
လှည့်မလာတော့ကားအပြင်ဘက်ကိုပဲကြည့်
နေတော့တယ်

villain systemWhere stories live. Discover now