2.3

1K 146 0
                                    

Unicode
ယင်းလန် လွီဖန်း ရဲ့စိတ်ကိုဖတ်ကြည့်ပီး
တော်တော့်ကို အံ့သြမိသည်

သူချစ်မြတ်နိုးနေတဲ့သူက......

လျန်းယွီ

ဟုတ်ပါတယ် လျန်းယွီပါ
အခုနရှင်းပြသလိုဘဲ
လျန်းချီ လျန်းယွီသူမတို့နှစ်ယောက်လုံးနဲ့
လွီဖန်းက ငယ်ငယ်ကတည်းက
သူငယ်ချင်းတွေ
တောထဲကဖြစ်ရပ်တွေကို သူအစအဆုံးမြင်ခဲ့သည်
ဒါပေမယ့်သူ့ရဲ့အချစ်တွေကအနိုင်ယူခဲ့သည်ပေါ့
အဲ့ဒီ့ထဲကသူမကို အရိပ်တစ်ကြည့်ကြည့်
စောင့်ရှောက်နေခဲ့တာတဲ့လေ

ဘာ.....သူအဲ့လောက်တောင်ချစ်တတ်ရလား

ဟမ့်....အစကတော့ ငါဒီတိုင်းကြည့်နေတော့မလို့ အခုတော့ နည်းနည်းမွှေအုံးမယ်

ထန်ဖုန်းနဲ့ လျန်းချီရဲ့ လက်ထပ်ပွဲအခမ်းအနားပီးနောက်
ပျော်ပွဲရွင်ပွဲလုပ်ကြတာပေါ့

စပီငါ့ရဲ့ကစားပွဲ

အိမ်ရှေ့စံရှင့် ကျမ တစ်ခုလောက်တောင်းဆိုချင်ပါတယ်

ကျမ အိမ်ရှေ့စံနဲ့ ညီမလေး လျန်းချီအတွက်
သီချင်းလေးတစ်ပုဒ်ကိုတီးခတ်ဂုဏ်​ပြုချင်ပါတယ် ခွင့်ပြုပါ

အင်း ခွင့်ပြုပါတယ်

ယင်းလန် သူမရဲ့ ဗျတ်စောင်းကိုယူစေကာ
တေးသွားတစ်ပုဒ်ကိုစတင်တီးခတ်လိုက်တော့တယ်

ခန်းမထဲကလူတေကတော့ သူတို့ရဲ့မျက်စိရှေ့ကမြင်ကွင်းကို မျက်တောင်မခတ်တမ်းကြည့်ရှူနေမိတော့တယ်
သူတို့ကြားထားတာ ကျောက်တိုင်းပြည်ရဲ့
မင်းသမီး ယင်းလန်ဟာ သာမန်မိန်းကလေး
တစ်ယောက်သာသာပဲဆို
ဘာမှမတတ်မြောက် ပျော့ညံ့တယ်ဆို
အခုတော့
သူမလေး ဗျပ်စောင်းတီးနေပုံက ပန်းချီကားတစ်ချပ်အတိုင်းပင်
သိမ့်မွေ့လှပလွန်းသည်
အိမ်တော်သခင်လေးတွေကလည်း
သူမမှာသက်ဆိုင်သူရှိနေတာကို
နှမြောမိသည် အချောအလှလေးနှစ်ယောက်လုံးက နန်းတော်ရဲ့ ကညာပျိုလေးတွေဖြစ်သွားကြပီလေ

မြင်ကွင်းနဲ့တင်မက ငြိမ့်ညောင်းပီး လွမ်းဆွေးဖွယ်တေးသံသာလေးဟာလည်းထွက်ပေါ်ပျံလွင့်နေတာကြောင့် ခန်းမတစ်ခုလုံးဟာ
ယင်းလန်ရဲ့ဗျပ်စောင်းတီးသံနဲ့လွမ်းခြုံနေပါတော့တယ်

villain systemWhere stories live. Discover now