4.1

660 47 4
                                    

Unicode

ချင်းယုဝမ် သူမသတိရလာတာနဲ့ ခန္ဓာကိုယ် တစ်ခုလုံးနာကျင်ကိုက်ခဲနေပီး အားမရှိသလိုခံစားနေရသည် သူမရဲ့မျက်လုံးတွေကိုလည်းဖွင့်ကြည့်ဖို့ရာ အင်အားရှိမနေ

'host သတိရလာပီလား ခန္ဓာကိုယ် ကတစ်ခုခုနာနေတာရှိလား'

' ရှောင်း နင်လား ငါအခုဘယ်ရောက်နေတာလဲ space မှာပဲရှိသေးတာမလား ငါ့မျက်လုံးတွေကိုဖွင့်မရဖြစ်နေတယ်'

'host စိတ်မပူပါနဲ့ host အခုအားနည်းနေလို့ပါ ခဏနားလိုက်ပါအုံး'

' ရှောင်းငါတို့အခု ဘယ်ရောက်နေတာလဲ ပြောပြလို့ရမလား'

' host အခု ကမ္ဘာလေးခုမြောက်ကိုရောက်နေတာ host ရဲ့မှတ်ညာဏ်တွေထဲ နစ်မြောသွားပီး ပြန်ခေါ်လို့မရတာနဲ့ host ကိုကူးပြောင်းပေးလိုက်ရတာ'

'အင်း ဇာတ်ကြောင်းပို့လိုက်တော့'

'host ခဏလောက်နားလိုက်ပါအုံးလား'

'ရတယ် ပို့လိုက်တော့'

" ရှောင်း သူ့host တစ်ခုခုဖြစ်နေမှန်းသိပေမ
ယ့် ဘာမှဆက်မ​ပြောတော့ဘဲ ဇာတ်ကြောင်းလွဲပေးလိုက်သည်"

ဒီကမ္ဘာက သာမန်ခေတ်သစ်ကမ္ဘာဖြစ်ပီး
ဂိုဏ်းတွေ ကြီးပွားနေတဲ့အချိန်ကာလမှာဖြစ်သည်
ဇာတ်ကြောင်းကတော့ သာမန် ကုမ္ပဏီလေးတစ်ခုအဖြစ် ဖွင့်ထားတဲ့ မြေအောက်ဂိုဏ်းကနေစတင်တယ်
စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်ဟန်ပြဖွင့်ထားပီး မူးယစ်ဆေး ၊လူကုန်ကူး၊ပြန်ပေးဆွဲ၊
လူသတ် မျိုးစုံးလုပ်ကိုင်နေတဲ့ Golden ကုမ္ပဏီ

အဲဲ့ဒီ့ကုမ္ပဏီရဲ့အလုပ်လုပ်ပုံက ဒီလိုကွာ
သာမန်မျက်စိနဲ့ကြည့်ရင်တော့ ကုမ္ပဏီတစ်ခုပဲကွာ ဘာမှမထူးခြားဘူး
တကယ်တမ်းဝင်ကြည့်မယ်ဆိုရင်တော့
မြေအောက်ထပ်ပေါင်းများစွာကိုအရင်တွေ့ရလိမ့်မယ် အဲ့ဒီ့ထဲမှာမှ လက်နက်ပေါင်းများစွာထည့်ထားတဲ့လက်နက်တိုက်တစ်ခု
မူးယစ်ဆေးတွေထုတ်လုပ်နေတဲ့အခန်းတစ်ခု
ပိုက်ဆံတုတွေ ရိုက်နှိပ်နေတဲ့အခန်းတစ်ခု
သေနတ်ပစ်ကွင်း အတိုက်အခိုက်သင်ကြားပေးနေတဲ့နေရာတစ်ခု
နောက်ထပ် မသိနိုင်တဲ့နေရာတွေလျို့ဝှက်စွာ
ရှိနေနိုင်သေးတယ်

villain systemWhere stories live. Discover now