4.4

418 46 1
                                    

Unicode

ဂျီအန်း ဂေဟာကို ပြန်ပြန်ချင်း မြင်လိုက်ရတာက ဂေဟာရဲ့ စားပွဲခုံလေးမှာ
ရုပ်တည်ကြီးနဲ့ထိုင်နေတဲ့ ဂျီနာလေးနဲ့ သူမ ရှေ့မှာ ထိုင်ပီး စကားတွေ ရေပက်မဝင်အောင်ပြောနေတဲ့ ကောင်လေးတစ်ယောက်ပင်

'host အဲ့ဒါ ဇာတ်လိုက် မိုဆော့ဝန်း'

'ဟမ် ဟုတ်လား အသက်ကဖြင့် လက်တောက်လောက်ပဲရှိသေးတယ် ငါ့ညီမလေးကို များ'

'host ဟိုက စကားပဲပြောနေတာလေဘာလုပ်နေလို့တုန်း'

' မရှည်နဲ့ ငါ့ညီမကို မျက်လုံးရဲဲ​ကြီး
တွေနဲ့ကြည့်နေတာလေ '

ဂျီအန်း ရှောင်းကို ပြောလည်းပြော
စားပွဲဆီကို မပြေးရုံတမယ် သွားလိုက်ရင်း

ဂျီအန်း.......... ဂျီနာ ရေအစ်မ ပြန်လာပီ ဘာလို့အထဲမဝင်တာတုန်း........

ဂျီအန်းရဲ့ မျက်လုံးတွေက သူ့ညီမ ဆီကနေ လုံးဝ မလွှဲသွား ပဲမေးလိုက်တယ်

ဂျီနာ........ အော အစ်မ ပြန်လာပီပဲ ဘာလုပ်ရမှာလဲ အစ်မကိုစောင့်နေတာပေါ့ အဆင်ပြေခဲ့လားဟင်........

ဂျီအန်း......... အင်းဒါပေါ့........

သူမတို့နှစ်ယောက်တည်းသာရှိနေသလိုမျိုးပြောနေကြပေမယ့် ဇာတ်လိုက်လေးကတော့မှုပုံမပေါ် သူ့ရဲ့အပြုံးလေးကိုတပ်ဆင်ထားမြဲ

မိုဆော့ဝန်း......... မမ ဟိုင်း..........

တမင်သက်သက်ကြီးကို မသိချင်ယောင်ဆောင်ပါတယ်ဆိုမှ အပြုံးလေးနဲ့နှုတ်ဆက်လာကာမှတော့ တင်းခံထားတဲ့ဂျီအန်းလည်းအရည်ပျော်သွားပီး

ဂျီအန်း.......... အော ဟိုင်း မင်းက ဘယ်သူလေးတုန်း.........

မိုဆော့ဝန်း......... ကျတော်က မိုဆော့ဝန်းပါဗျ
ကျတော်က ဒီကို မိဘတွေနဲ့လာတာပါ
အမေက သူစိမ်းတွေဆို နာမည်မပြာပြရဘူးပြောထားပေမယ့် မမက ဒီနတ်သမီးလေးရဲ့ မမမို့လို့ ပြောပြတာ..........

မိုဆော့ဝန်းရဲ့ စကားကိုကြားတဲ့ ဂျီအန်းခမျာမှာတော့ နာမည်ပြောပြပေးတာကိုကျေးဇူးပဲတင်ရမလို လိုတွေဖြစ်ကုန်တယ်
ဘာတဲ့ နတ်သမီး အင်း ဂျီနာလေးက နတ်သမီးနဲ့တူပါတယ်လေ

villain systemWhere stories live. Discover now