1.4

1.7K 129 0
                                    

ပိုင်ယွဲ့အခုဆို ချန်းအိမ်တော်ကိုရောက်တာ
တစ်လလောက်တောင်ရှိနေပီဖြစ်သည်
ချန်းအိမ်တော်ရဲ့အမူထမ်းတေကအစ
missချန်းအထိ အကုန်လုံးကလည်း
ပိုင်ယွဲ့လေးကိုဝိုင်းချစ်ကြသည်
အန်းလုအိမ်တော်ကိုပိုင်ယွဲ့ကိုခေါ်လာတဲ့နေ့က အမူထမ်းတေအကုန်လုံး သူမလေး
အတွက်အစားအသောက် နေဖို့အခန်း
အစစအရာရာ ပြင်ဆင်ပေးခဲ့ကြသည်
သူတို့သခင်လေးက မိန်းကလေးတစ်ယောက်ကိုအိမ်ခေါ်လာတယ်ဆိုတာ ဝမ်းသာစရာပဲလေ
တကယ်ကိုပိုင်ယွဲ့ ရောက်လာတဲ့နေ့ကစလို့
အိမ်တော်ကြီးက စိုပြေလာခဲ့တာပါ

ပိုင်ယွဲ့အတွက်ပြင်ပေးခဲ့တဲ့အခန်းက
အန်းလုရဲ့ဘေးကအခန်း
စစချင်းညက ပိုင်ယွဲ့ ခမျာတော်တော်နဲ့အိမ်မပျော် ဒါ့ကြောင့် အန်းလုအခန်းတံခါးကိုခေါက်ကြည့်တယ်(ပြသာနာ စရှာပါပီ)

အန်းလု ပိုင်ယွဲ့ရဲ့သူ့အမေအပေါ်ချွဲတဲ့အပြုအမူလေးကိုမျက်စိထဲ​ပြ​န်မြင်ယောင်လာတာမို့ ပြုံးလိုက်မိတယ်
သူမလေးအိပ်မှပျော်ရဲ့လားမသိ
သွားကြည့်အုံးမှပါ
အန်းလုတံခါးကိုဖွင့်ဖို့အလုပ်မှာပဲ
တံခါးခေါက်သံကြားလိုက်တာမို့
ဖွင့်လိုက်တော့ ပိုင်ယွဲ့သူမလေးဖြစ်နေသည်

ယွဲ့အာ အိပ်မပျော်လို့လား

ပိုင်ယွဲ့ တံခါးခေါက်လိုက်ပေမယ့် ဒီလောက်မြန်မြန်ဖွင့်လာမယ်မထင်သောကြောင့်
ကြောင်အသွားမိသည်
အရှေ့က မိမိထက် ခေါင်းတစ်လုံးရှည်နေ
သည့် အနှီဗီလိန်ရဲ့ အိမ်နေရင်းဝတ်စုံနဲ့လိုက်ဖက်နေမူကို တအံတဩကြည့်ရှူနေရင်းပေါ့

အော်အင်းကျမ အိမ်မပျော်လို့ ပီးတော့မေးစရာရှိလို့

အင်းမေးလေကိုယ်ဖြေပေးမယ်

ကျမရှင့်အိမ်မှာနေလို့ဖြစ်ပ့မလား
အားလုံးကကျမကိုလက်ညိုးထိုးနေကြတာ
ပီးတော့ရှင်လည်းကျမကို သတ်ချင်နေတာမလား

ကိုယ်ပြောပြမယ် ယွဲ့အာ အဲ့ဒီလိုမလုပ်ခဲ့ဘူးဆိုတာကိုယ်မသိခင်က ကိုယ်မင်းကိုသတ်ချင်ခဲ့တယ်
သိပီးတော့ ကိုယ်မလုပ်ချင်တော့ဘူး
မင်းအပေါ်မှာကာကွယ်ပေးချင်တယ်
ဘာလို့ကာကွယ်ပေးချင်တာလဲကတော့
ကိုယ်မသိဘူး ကိုယ်ရှင်းပြတတ်ဘူး
ပီးတော့ဘယ်သူတေဘယ်လိုပြောပြော
ကိုယ်ယွဲ့အာကိုယုံတယ်
အဲ့ဒါကြောင့်စိတ်ချလက်ချအိပ်ပါ
ဟုတ်ပီလား

villain systemWhere stories live. Discover now