ဘယ်မိသားစုကမိန်းကလေးလဲဆိုတဲ့မေးခွန်းကိုအသာထား – သူကဖြင့် အထီးလားအမလားတောင်မသိဘူး၊ ဟုတ်ပြီလား?

ထပ်ပြောရလျှင် ရှန်ဖူက ရက်နည်းနည်းလောက်ပဲသိချင်နေခဲ့ပြီးနောက်မှာတော့ သူ့ခမျာ တခြားသူတွေကိုစဉ်းစားပေးနေဖို့အာရုံတကယ်မရှိတော့ပါချေ။ သူကဖြင့် လင်ရှုယီကိုလွမ်းလွန်းလို့ရူးတော့မှာကို သူ့အစ်ကိုကြိုက်နေတဲ့သူက ဘယ်သူလဲဆိုတာကို ဂရုစိုက်နေဖို့နိုင်ဦးမလား?

ရှန်ဖူက သိပ်မကြာခင်မှာပဲ ကုမ္ပဏီကိစ္စတွေအားလုံးကိုလက်လွှဲယူလိုက်ပြီး အလုပ်ကောင်းကောင်းလုပ်နေတာမို့ ရှန်ယန်သည်ပင် သူ့ကို အမြင်သစ်ဖြင့်ကြည့်လာ၏။ ရှန်ယန်က သူ့ကို ခပ်အေးအေးကြည့်ကာဆိုသည်။

"ငါက မင်းက ကော်ပိုရေးရှင်းကိုလက်လွှဲယူဖို့အမြဲငြင်းတော့ မင်းမှာ အရည်အချင်းမရှိဘူးလို့ထင်နေတာ။"

ရှန်ဖူကတော့ သူ့ဒုက္ခတွေကိုအစပျိုးခဲ့တဲ့လူကိုအရေးလုပ်ချင်စိတ်မရှိဘဲ မျက်လုံးလှန်၏။ သူကတော့ သူ့မှာအရည်အချင်းတစ်စိတောင်မရှိဖို့မျှော်လင့်တယ်။

အလုပ်များတဲ့နေ့တစ်နေ့အပြိးမှာတော့ ရှန်ဖူက သူ့လည်ပင်းမှာချည်ထားတဲ့နက်ခ်တိုင်ကိုဖြေလျှော့လိုက်ပြီး အင်မတန်ဒေါသထွက်နေလျက် ခုံကိုမှီချလိုက်သည်။ သူက ပြက္ခဒိန်ကိုလှမ်းကြည့်သည်၊ ဗုဒ္ဓဟူးနေ့ပဲရှိသေးတယ်၊ တစ်နည်းပြောရရင် သူ Sမြို့ကိုပြန်သွားနိုင်ဖို့ နှစ်ရက်ကျန်သေးတယ်!!

ရှန်ဖူ အတော်ကြီးကိုစိတ်မပျော်တော့ပေ။

ပြီးခဲ့တဲ့ရက်တွေမှာ ရှန်ယန်က ကုမ္ပဏီကိုနောက်ကျမှလာပြီး အစောကြီးပြန်သွားတတ်တာမို့ အခုလည်းပြန်သွားတာအတော်ကြာလောက်ပြီဖြစ်၏။ ကုမ္ပဏီမှာ အပိုချိန်ဆင်းရင်းအလုပ်လုပ်နေတဲ့သူက ရှန်ဖူတစ်ယောက်သာရှိသည်။

တကယ်တော့ သူ ပြန်လို့မရတာမဟုတ်ဘဲ အိမ်ရောက်ရင် ဘာမှလုပ်စရာမရှိဘဲ လင်ရှုယီကိုပဲပိုလွမ်းလာမှာကြောင့်ဖြစ်သည်။ အာတာပူစီလေးလိုနူးညံ့တဲ့သူ့နှုတ်ခမ်းတွေကိုလွမ်းမိလိမ့်မည်၊ နူးညံ့တဲ့ညှပ်ရိုးဖြူဖြူလေးတွေကိုလွမ်းမိလိမ့်မည်၊ မျက်နှာလေးနီနေရင်း ခပ်တိုးတိုးညည်းညူတဲ့အသံလေးတွေကိုလွမ်းမိလိမ့်မည်...

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now