"ခဏ.. ကျွန်တော်လုပ်ပေးမယ်"
"ဟင်.. အင်း"
သူ့ကိုထိုင်ခုံခါးပတ်ကအစဂရုတစိုက်လာပတ်ပေးတဲ့ဂျောင်ကုကိုဆော့ဂျင်စိတ်ဝင်တစားမျက်လုံးလေးပြူးပြီးလိုက်ကြည့်နေသည်။ မေးခွန်းမေးပြန်ရင်လည်းပြန်ဖြေမှာမဟုတ်တာသိနေသည့်အတွက်မေးမနေတော့ဘဲကိုယ့်ဘာသာကိုယ်တတ်သလောက်မှတ်သလောက်အဖြေရှာနေမိတော့သည်။ အရင်ကစိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းသွားရင်သုံး,လေးရက်လောက်ပျောက်သွားပြီးမှမူးပြဲပြီးအိမ်ပေါ်ပြန်တက်လာတတ်တာပါ။ ဒီနေ့မှထူးထူးဆန်းဆန်း.. ဘာလို့လဲ?
"အလုပ်ပင်ပန်းထားတယ်မဟုတ်လား။ ခဏလောက်အိပ်လိုက်လေ.. ရောက်ရင်နှိုးလိုက်မယ်"
ဘယ်ကိုသွားကြမလဲဆိုတာကိုမသိပေမယ့်ဂျောင်ကုရဲ့စကားအသွားအလာအရတော့သွားရမည့်နေရာကဝေးပုံရသည်ဟုခန့်မှန်းမိသည်။ သူလည်းဘာအတွေးမှနယ်ချဲ့မနေတော့ဘဲအခုလိုနှစ်ဦးသားအေးအေးချမ်းချမ်းရှိနေသည့်အချိန်လေးတွေရေရှည်တည်တံ့ပါစေဟုမျှော်လင့်ရင်းပြတင်းပေါက်မှန်ကိုမှီကာစိတ်ချလက်ချအိပ်ပျော်သွားတော့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
နားထဲသို့ဝင်လာသည့်ရေလှိုင်းသံတညိမ့်ညိမ့်ကလူကိုလာပုတ်နှိုးသလိုဖြစ်နေတာကြောင့်မှေးခနဲအိပ်ပျော်သွားသည့်ဆော့ဂျင်အိပ်ရာမှနိုးလာ၏။ နိုးနိုးချင်းဆော့ဂျင်ကလက်နှစ်ဖက်ကိုဆန့်၍အပျင်းကျောဆန့်လိုက်တော့ကားမှန်နှင့်ဆော့ဂျင်ရဲ့ခေါင်းကြားက ဂျောင်ကုဘယ်အချိန်က ခုပေးထားမှန်းမသိသည့်ခေါင်းအုံးလေးကဆော့ဂျင်ရဲ့ပေါင်ပေါ်ကိုပြုတ်ကျလာသည်။
"အကြာကြီးအိပ်ပျော်သွားတာပဲ"
ကားမောင်းတဲ့နေရာကိုလှည့်ကြည့်တော့ဂျောင်ကုကအနားမှာရှိမနေ။သူလည်းအိပ်ချင်မပြေသေးတဲ့မျက်လုံးကိုလက်သီးဆုပ်လေးဖြင့်ပွတ်ရင်းကားမှန်ကနေတစ်ဆင့်အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့သူတို့ကားကသဲသောင်ပြင်တစ်ခုပေါ်ရပ်ထားမှန်းသိလိုက်ရသည်။
YOU ARE READING
Can We Become Strangers? (✔️)
Fanfiction(Unicode) ရင်ထဲမှာသူရှိ,မရှိကိုနှလုံးသားကအလိုလိုသိနေပြီးသားပဲ.. အဲ့ဒါကြောင့်အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲကြပြီးရင်သူစိမ်းတွေဖြစ်သွားမှာလားဆိုတဲ့မေးခွန်းကိုမေးမနေတော့ပါဘူး.. Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ရင္ထဲမွာသူရ...
Chapter- VII
Start from the beginning