Chapter 38 _ အိပ်ရာထက်က စကားစမြည်

Start from the beginning
                                    

"မင်းရဲ့ စွမ်းရည်က ငါ့စွမ်းရည်လောက် အင်အားကြီးတာပဲ။ တော်သေးတာပေါ့။ မင်းနောက်ကို လိုက်ရတာ သိပ်ရှက်စရာမကောင်းတော့ဘူး"

"ငါ မင်းနဲ့ ငါရဲ့ မူလစွမ်းရည်တွေကို လေ့လာကြည့်ပြီးသွားပြီ။ တကယ်လို့ အဲ့ဒီစွမ်းရည်တွေသာ လူတစ်ယောက်တည်းမှာ ရှိနေမယ်ဆိုရင်၊ အဲ့ဒီလူက ပြိုင်ဘက်ကင်းနီးပါးဖြစ်နေမှာပဲ" ရှင်ယဲ့ ဆိုလိုက်၏။ "၅၀ပွိုင့်ကုန်တဲ့ ပြိုင်ဘက်ကင်းအလှတရားကို သုံးပြီး ရန်သူကို တစ်နာရီလောက်မလှုပ်နိုင်အောင် လုပ်လို့ရတယ်။ ပြီးရင် အဲ့ဒီအချိန်ကို အသုံးချပြီး ပြန်လည်ရေးဆွဲနိုင်တဲ့ ဘောပင်နဲ့ တိုက်ခိုက်ရေး QR codeတွေ ဆွဲလို့ရတယ်။ ပွိုင့်တွေသာ လောက်ရင် တော်တော်များများကိုတော့ သတ်နိုင်မှာပဲ"

"ဟုတ်တာပဲ" မှန်မှာ အံ့အားသင့်စွာဖြင့် ဆိုလိုက်လေသည်။ "ဒါပေမဲ့ မင်း အဲ့ဒီ QR code အများကြီးကို မှတ်နိုင်လို့လား? ငါ ကြည့်တာတော့ အဲ့ဒါတွေက တစ်ပုံစံတည်းလိုပဲ။ ကြည့်ရတာ ခေါင်းတောင်မူးတယ်"

"ပုံမှန်ဆိုရင်တော့ မရနိုင်ဘူးပေါ့" ရှင်ယဲ့ ဆိုလိုက်သည်။  "ဒါပေမဲ့ အထူးလေ့ကျင့်မှုတွေနဲ့ ဆိုရင်တော့ ဖြစ်နိုင်တယ်။ ကျွမ်းကျင် ပရိုဂရမ်မာတွေဆို မရေမတွက်နိုင်တဲ့ ကုဒ်တွေကို မှတ်နိုင်တယ်။ ဒါပေမဲ့ သာမန်လူတွေကတော့ မလုပ်နိုင်ဘူး။ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်မှာ အားသာကြတာပေါ့။ ငါ တက္ကသိုလ်မှာတုန်းက၊ ဉာဏ်ရည်မြင့် ကလပ်ထဲ ဝင်ခဲ့တယ်။ အဲ့ဒီမှာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ဘယ်တိုးတက်အောင်လုပ်ရမလဲဆိုတာကို အထူးပြုပြီး အတန်းဖော်တွေနဲ့ သုတေသန လုပ်ခဲ့ကြတာ။ ရလဒ်တွေကတော့ အံ့မခန်းပဲ"

"ဘယ်လို လေ့ကျင့်တာလဲ?" မှန်လေးက စိတ်ဝင်တစား မေးလိုက််လေသည်။

သူသာ လူတစ်ယောက်ခန္ဓာကိုယ်နှင့်သာဆိုလျှင်၊ မျက်လုံးဝိုင်းဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေလိမ့်မည်ဖြစ်ပြီး၊ စိတ်အားထက်သန်စွာဖြင့် သူ၏ အဖြေကို စိတ်ရှည်လက်ရှည် စောင့်မျှော်နေလိမ့်မှာဖြစ်သည်။

ရှင်ယဲ့ ခေါင်းထဲ၌ မနေနိုင်စွာ အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ အကယ်၍ တကယ့်ကမ္ဘာမှာသာ အကြောင်းအမျိုးမျိုးကြောင့် မှန်လေးနှင့် တွေ့ဖြစ်ခဲ့ကြလျှင်၊ သူတို့က ဆန့်ကျင်ဘက် အကျင့်စရိုက်တွေရှိသော်လည်း မမျှော်လင့်ဘဲ လိုက်ဖက်ညီကြသည့် သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်သည်ဟု သူ ခံစားနေရသည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now