အခန်း ၇ ဘလိတ်ဓားနှစ်ချောင်း

Start from the beginning
                                    

ယောင်ယောင် အကုန်လုံးကိုလွဲချော်သွားသလိုပဲ သူမမျက်လုံးတွေတောင်နီပြီး ငိုချင်လာသလိုပင်

"ယောင်ယောင်" သူက သူမလှေကားမှာ ရပ်နေတာမြင်တော့ ခေါင်းမော့လာတာပင် နည်းနည်းလည်း အံဩသွားသလို သူမကို ရယ်ပြလာသည်။

ယောင်ယောင်က သူ့ကိုမျက်တောင်ခတ်ကြည့်ကာ မျက်ရည်တွေကိုလည်း အမြန်မျက်တောင်ခတ်ပြီး ဖျောက်လိုက်သည်။ "ချင်းကျင်း ဘာလို့ အစောကြီးလာတာလဲ?"

ဖန်ရှီလဲ့က သူမစကားကိုကြားတော့ မျက်မှောင်ကြုတ်ကာ "ယောင်ယောင်ဘာလို့ မယဉ်မကျေးပြောနေတာလဲ" သူမက ချင်းကျင်းကို တောင်းပန်သလို ကြည့်ကာဆူသည်။

ချင်းကျင်းက အမူအရာမပြောင်း သူက ဖန်ရှီလဲ့ကို ပြုံးပြနေကာ စိတ်ထဲ မထားပါဘူး ဆိုတဲ့သဘောပင်

ယောင်ယောင်လည်း သူမ အမေကို လှမ်းကြည့်ကာ ချင်းကျင်းကို "မနေ့ကမှရောက်တာကို ဘာလို့ နည်းနည်းလောက် ပိုမနားတာလဲ အစောကြီး လာရတယ်လို့ ကျန်းမာရေးအတွက်မကောင်းဘူးလေ ငါ့အမှားပါ ငါ တုံးသွားတာ နေ့လည်မှတွေ့လို့လည်းရတာကို"

ယောင်ယောင်က အိပ်ရေးမဝလို့ ချင်းကျင်းကို အပြစ်တင်နေတာလို့ ထင်နေတဲ့သူတွေတောင် ကြောင်သွားကြသည်။ ပုံမှန်မဟုတ်လိုက်တာ အရင်တုန်းက ချင်းကျင်းနဲ့တွေ့တုန်းကကော စောထဖူးလို့လား? အိပ်ရာပေါ်က ဆင်းရင်တောင်ချင်းကျင်းကို အပြစ်တင်နေတုန်းကို

ချင်းကျင်းက အမြန် "ကိစ္စမရှိပါဘူး မနေ့က လေယာဉ်ပေါ်မှာအိပ်လာတယ်လေ ပြီးတော့ ဦးလေးနဲ့ဒေါ်ဒေါ်ကိုလည်းမတွေ့တာကြာနေပြီမလို့ စောစောလာမှ ခနလောက်တွေ့ပြီး စကားပြောလို့ရမှာလေ"

ယောင်ယောင်က သူ့ပုံစံက ပင်ပန်းနေတဲ့ပုံလည်းမပေါ်တာမြင်တော့ သူမလည်း ဆက်မမေးတော့ ဗိုက်ဆာနေတာနဲ့ အန်တီနှစ်ယောက်နားကပ်ပြီး မနက်စာလုပ်ခိုင်းတော့သည်။

သူမထွက်သွားတော့ တချိန်လုံးတိတ်တိတ်လေးခေါင်းငုံ့ပြီး မနက်စာစားနေတဲ့ လော့ချန်ချန်က ချင်းကျင်းကို "ချင်းးကျင်းကောကော ဒီနေ့ အပြင်ထွက်မလို့လား"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now