episode 18

7.4K 205 1
                                    

🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

                   အခန်း       18🌸

                ခြံထဲက ကနေ ရန်ရန်း လက်ကို ဆွဲခေါ်လာတာ ဒေါသတကြီးနဲ့ မလို့ ကားနားမှာ ရပ်စောင့်နေတဲ့ မင်းလွင်ပါ ပြာယာခတ်သွားသည်။

"မင်းလွင် မင်း အရင်ပြန်နှင့် ငါ ကားပါလာတယ်"

"ဟုတ် ဟုတ်ကဲ့ သူဌေး"

                သွားဆိုတာနဲ့ တကျိုးထဲ ကားပေါ်တက်ကားစက်နှိုးပြီး ထွက်သွားလိုက်သည်။ သူတို့နား ကြာကြာနေလို့မဖြစ် ဘယ်ချိန်ထလောင်မလဲ မသိမယ့် မီးပွားက သူ့ကို စင်လာနိုင်၏။

                မင်းလွင် ကား ထွက်သွားပြီး မကြာလိုက်
ရန်ရန်း ကိုကားပေါ်တင်ပြီး သူ့ မောင်းထွက်လာတာ ဘယ်နေရာမှန်း မသိ အရှိန် အရမ်းပြင်းတာကြောင့် ရန်ရန်း သူ့ ကိုကြည့်ပြီး ထိတ်လန့်နေသည်။

"ကိုကို...!...."

                  သူမ အသံ ကြားမှ ကားကို ကြုံရာမှာ ဝုန်းခနဲထိုးရပ်လိုက်၍
                 
                  ဒီတစ်ခေါက်ကော သူမ ကို ဘယ်လို အကြောင်းမျိုးကြောင့် စိတ်ဆိုးပြန်တာလဲ.... ။ တဖြေးဖြေးနဲ့ သူ နဲ့ သူမ ဒီလို ကတောက်ကစ ဖြစ်တာတွေ များများ‌လာလေလေ ရန်ရန်း သူ့ မျက်နှာကြည့်ဖို့တောင် မဝံ့မရဲ ဖြစ်လာသည်။

                   သူမ ကို သူ့ အနားကနေ မောင်းထုတ်ပြစ်တော့မှာ များလား ....။

"ဘာလို့ ဘာစကားမှမပြောတော့တာလဲ မင်း ခုနက ငါ့ကိုခေါ်လိုက်တယ်လေ"

                  အသံကမာထန်နေတာမျိုး မဟုတ်ပေမယ့်လဲ ပျော့ပျောင်းခြင်း အလျှင်းမရှိ....။
                 
                  ကြုံရာနေရာ ကားကို ထိုးရပ်လိုက်တာနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံးကလဲ မှောင်မဲနေလေရာ ကားလေးထဲက မီးရောင်သာ ဖြဖြလေး လင်းနေ၏။
                 
                  ထို မီးရောင်ဖြဖြလေးအောက်မှာ စူးရဲနေတဲ့သူ့မျက်ဝန်းတွေနဲ့အတူ တရိပ်ရိပ်ရဲတက်လာတဲ့ သူ့မျက်နှာ......
                  သူဘာကို အလိုမကျတာလဲ သူ ဘာကို ဒေါသဖြစ်နေတာလဲ .... ဧည့်ခံပွဲမှာ ရန်ရန်း ဖြစ်သွားတဲ့ ပြသာနာက သူ့ အပေါ်ထိခိုက်မှုများ ရှိသွားလို့လား။

Little butterfly in the devil garden (Uni/Zawgyi ){Complete}Where stories live. Discover now