episode 16

6.5K 199 1
                                    


🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း။ (၁၆)🌸

တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြတဲ့ မျက်ဝန်းတွေက ချက်ခြင်းပင် ထသတ်ကြတော့မလို
ဒါပေမယ့် ဈာန် ကပဲ မျက်လွှာချကာ

"အစ်ကို ပြန်ရောက်လာပြီဆိုတော့ ကျွန်တော် သွားတော့မယ်"

"နေဦး"

လှမ်းခါနီးဆဲဆဲ ခြေလှမ်းတို့ဟာ ရပ်တန့်သွားခဲ့ပြီး
သူ့ကို ပြန်ငဲ့ကြည့်သည်။

"ငါ မင်းနဲ့ပြောစရာရှိတယ် ဈာန် ငါ့နောက်လိုက်ခဲ့"

အမြဲငြိမ်းချမ်းလှတဲ့ ဒီနေရာလေးဟာ သူတို့ညီအကို နှစ်ယောက်ရဲ့ အေးစက်စက်အကြည့် တွေကြောင့် တစ်နေရာလုံးပင် အေးခဲသွားတော့မတက်

အခြေနေတွေ ဒီထက်ပိုပြီး တင်းမာမလာစေချင်
ဈာန့် ကို သူမ ဒီကိုခေါ်လာတာ ညီအကိုတွေကို ပြေလည်စေချင်တဲ့ ဆန္ဒ အမြဲတမ်းအထီးကျန်ဆန်စွာနေတက်တဲ့ ကိုကို့ ကို သူမ မိသားစု သိုက်သိုက်ဝန်းဝန်း နဲ့ နေစေချင်လှသည်။ ဒါဆို သူ့ရဲ့ ခက်ထန်နေတဲ့စိတ်တွေ အနည်းငယ်တော့ ပြေလျော့လာနိုင်မည်မဟုတ်လား

"ကိုကို ...."

ကင်း က အရှေ့ကနေ လှေကားပေါ်တက်ဖို့ ခြေလှမ်းစဉ် လက်ကလေးကို အမြန်ဆွဲတားလိုက်သည်။
ဒါပေမယ့် ကင်း က မကြည့်ပဲ သူမ လက်တွေကို ဖယ်ချပြစ်ကာ

"မင်း နဲ့ နောက်မှ စာရင်းရှင်းမယ် ရွှေစံရန်း"

ရန်ရန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ ကျန်ခဲ့၏။

သူမလုပ်ခဲ့တာက စေတနာတွေပါ သူ့အတွက် အဲ့လောက်တောင်ပြသာနာကြီးသွားခဲ့သည်လား

ပြီးတော့ လှေကားပေါ်ဆက်တက်သွားသည်။

သူ့နောက်လိုက်ခဲ့ဆိုပြီး အမိန့်ပေးကာ နောက်ကို တစ်စက်မှမကြည့်ပဲ လှေကားအတိုင်းဆက်တက်သွားသည်မလို့ ဈာန် မျက်နှာမဲ့သည်။

အရင်ထဲက ဖုန်းဆက်တိုင်းလဲ မကိုင် မက်ဆေ့ခ်ျတွေပို့လိုက်တိုင်းလဲ ကင်း ဆီက ပြန်လာရင် စကားလုံးနှစ်လုံးသုံးလုံးထက် ပိုသွားသည်ဆိုတာ လက်ချိုးရေလို့ရသည်။

Little butterfly in the devil garden (Uni/Zawgyi ){Complete}Opowieści tętniące życiem. Odkryj je teraz