episode 8

8.3K 262 0
                                    

🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း (၈) 🌸

တောက်!

အိမ်ပြန်ရောက်လာတာနဲ့ ကြားလိုက်ရတဲ့ စကားကြောင့် ဒေါသတွေက ငယ်ထိပ်အထိ ရောက်နေပြီဖြစ်ရာ.......

မျက်မှောင်ကုတ်ထားရင်း ရန်ရန်း ကိုပဲ ကြည့်နေမိသည်။

သူ့ ရှေ့မှာ ရန်ရန်း က ကျုံ့ကျုံ့လေး ထိုင်ပြီး မျက်လွှာချထားလျှက်.....

ဦးဘမှန်နဲ့ မင်းလွင် ဒီတိုင်း ရပ်နေရုံသာဖြစ်ပြိး အကြောင်းစုံ ကိုတော့ ဦးဘမှန် ကပဲ ပြောပြတာဖြစ်၏။

"ဦးကြီး အဲ့နေ့ တာဝန်ကျတဲ့ လုံခြုံရေးကို လျှော်ကြေးပေးပြိး အလုပ်ထုတ်ပြစ်လိုက်"

"အို မလုပ်ရဘူး"

သူမ အသံ စူးစူးလေးနဲ့အတူ ထရပ်လိုက်ပြီး ....

"ဒီမှာ ကိုစစ်ရိပ်ကင်း အဲ့နေ့က မမစံ ကို အထဲဝင်ခွင့်ပေးလိုက်တာ ရန်း ကိုယ်တိုင် ..... အဲ့ဒီလုံခြုံရေးက ရန်း စကားကို နားထောင်ပြီး တံခါးဖွင့်ပေးလိုက်ရတာ"

ကင်း က နှုတ်ခမ်းတွေတင်းတင်းစေ့ထားလျှက် ဘယ်လောက်ထိ သူ့ဒေါသတွေ ဖြစ်နေလဲ ဆို လည်ပင်းက သွေးကြောစိမ်းစိမ်းလေးတွေပင် ထောင်ထနေတာ အနက်ရောင် တီရှပ်
ကြောင့် ထင်းနေ၏။

ရန်ရန်း က လဲ သူ့မျက်လုံးစိမ်းစိမ်းတွေနဲ့အပြိုင်သူ့ကို ကြည့်ရင်း

"ဘာလို့လဲ ဒီအိမ်မှာ ရန်း က ဒါလေးတောင်လုပ်ပိုင်ခွင့်မရှိဘူးလား ရှင်ပြောတော့ ရန်း လုပ်ချင်တာလုပ် ဒီက ထွက်မသွားရင်ပြီးကောဆို ... ဒီလိုကိစ္စလေးနဲ့ အလုပ်သမားကို ရှင့်စကားနားမထောင်လို့ အလုပ်ထုတ်‌ပစ်မယ်ဆိုတော့ ရန်း က ဘာလဲ ရန်း စကားကို ရှင် ကအလေးမထားဘူးလား ရန်း ကဒီအိမ်မှာ ဘယ်လိုနေရာလဲ ဘာအရာရောက်လဲ"

ကတ်ကတ်လန်အောင် ပြန်ပြောနေတာ ဦးဘမှန်နဲ့ မင်းလွင်ရှေ့မှာ

ကင်း မျက်နှာတင်းခနဲဖြစ်သွားသည်။
သူမ ရှေ့လျှောက်သွားပြီး ခါးထောက်လိုက်ကာ

"ရွှေ‌စံရန်း မင်း ရွေးချယ်တာ မှန်သွားမယ်မှတ်ပါ .... ငါမသိပဲ မင်း ထွက်သွားတာနဲ့ ဒေါ်မြင့်မိုရ်စံကော ပင်မြင့်စံကော အကုန် အဝီစိရောက်အောင်လုပ်ပစ်မယ် မယုံမရှ်ိနဲ့"

Little butterfly in the devil garden (Uni/Zawgyi ){Complete}Where stories live. Discover now