episode 12

7.2K 226 0
                                    

🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း (၁၂) 🌸

ကားရပ်လိုက်‌တဲ့ နေရာရဲ့ ဘေးက အထပ်မြင့်အဆောက်အဦးကြီးကို မြင်လိုက်တော့ မယုံကြည်နိုင်
ရှေ့ခန်းမှာ ကားစက်သပ်လိုက်တဲ့ ဦးဘမှန် ကို လဲ လှမ်းမေးလိုက်ရသေးသည်။

"ဦးကြီး ရောက်ပြီလားဟင် "

"အေး ရောက်ပြီလေ ကလေးမ ဒီအဆောက်အဦးပဲ"

ကားပေါ်ကဆင်းပြီး မြင်နေရတဲ့ အထပ်မြင့်အဆောက်အဦးကြီးကို့မော့ကြည့်တော့
ထိပ်ဆုံးမှာ စာလုံးကြီးကြီးတွေဟာ မျက်လုံးမှားယွင်းနိုင်စရာမရှိ

"I M S"

တိုးတိုးလေးရေရွတ်လိုက်တယ်။

ပြီးတော့ ယွန်းစံ ပြောတဲ့ စကားလုံးတွေ နားထဲမှာအထင်းသား..

နတ်ဆိုးလေ
အရမ်းကြောက်စရာကောင်းတာ
သူ့ရှေ့ခေါင်းတောင်မော့မလျှောက်ရဲဘူး

ဆိုပြီး ယွန်းစံ က သူ့အကြောင်းကို ကြောက်ကြောက်လန့်လန့်နဲ့ ပြောခဲ့ဖူးတယ်။

သူက ယွန်းစံ ပြောပြောနေတဲ့ နတ်ဆိုးသူဌေးပဲ.....

ကိုယ့်အတွေးနဲ့ကိုယ်‌ပြုံးနေမိတုန်း

"ကလေးမ အထဲဝင်သွားလိုက်တော့ ဦးကြီး ပြန်နှင့်လိုက်မယ်"

"ဟုတ်ကဲ့ ဦးကြီး ဒါဆို ရန်း သွားတော့မယ်"

ကားပေါ်မှာကျန်ခဲ့တဲ့ ဦးဘမှန်ကို နှုတ်ဆက်ပြီး သူမ ကုမ္ပဏီ အထဲကို ဝင်လာခဲ့သည်။

နှစ်ဖက်လှည့်မှန်တံခါးကို တွန်းဖွင့်ပြီး ဝင်လာရတဲ့ ခံစားချက် က သူမ အနှစ်နှစ် အလလ ကဝင်ရောက်ချင်ခဲ့တဲ့နေရာကို ဝင်ရောက်ခွင့်ရလာပြီမလို့ ကြည့်နူးခြင်းတို့ကအပြည့်

အလွှာအသီးသီးက လူများဆင်းလိုက်တက်လိုက်နဲ့ ပြုလုပ်နေတဲ့ ဓါတ်လှေကားကြီးကို ဆီမရောက်ခင်
ရီဆက်ရှင်မှာ ထိုင်ရင်း သူမ ကိုပြုံးပြကြိုဆိုနေတဲ့ မိန်းကလေးနှစ်ဦးဆီ လျှောက်လာခဲ့၏။

"ဘာကိစ္စရှိလို့ပါလဲ အမ"

"ကိုစစ်ရိပ်ကင်းနဲ့ တွေ့ချင်လို့ပါ"

Little butterfly in the devil garden (Uni/Zawgyi ){Complete}Où les histoires vivent. Découvrez maintenant