episode 17

6.6K 199 1
                                    

🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

                အခန်း ၁၇ 🌸🌸

"ဟုတ်တယ် မမစံ ပြသာနာ ဖြစ်ကြတာမှ အကြီးကျယ်ပဲ"

"..............."

"သူဌေး ညီ ကတော့ အဲ့နေခြင်းပဲ ပြန်သွားတာ သူ ပြန်သွားထဲက သူဌေး နဲ့ မမလေး အိမ်ထဲမှာ အကြီးကျယ်ရန်ဖြစ်နေကြတာ အပြင်ကတောင်ကြားတယ် ယုမေ တို့ အနားတောင်မသွားရဲဘူး"

"..............."

"စိတ်ဆိုးပြီး မမလေးလဲ အခန်းထဲကထွက်မလာသလို သူဌေး ကလဲ တခြားအခန်းမှာ ထွက်မအိပ်ဘူး အဲ့နောက်ပိုင်းတော့ ယုမေတို့လဲ မကြားရတော့ဘူး"

"အခန်းထဲမှာ ဘာဆက်ဖြစ်တယ်ဆိုတာပါ သိချင်သေးလား"

"အမလေး"

နောက်ကစကားသံ ထွက်ပေါ်လာတာနဲ့ ကောင်မလေးလန့်ဖျန့်သွားကာ ကိုင်ထားတဲ့ ဖုန်းပင် လွတ်ကျသွား၏။
လွတ်ကျသွားသည့်ဖုန်းကို ကင်း က ဖမ်းယူလိုက်ပြီး နံပါတ်ကိုကြည့်ပြီး သိလိုက်ပေမယ့်....

"ဒီ နေရာမှာ ဖုန်းပြောခွင့်ပေးထားလား"

"ဟို ဟိုလေ"

"ပြောစမ်း!"

"အမလေး...."

မျက်နှာကို မကြည့်ရဲ။ ကင်း အော်လိုက်သည်နဲ့ တစ်ကိုယ်လုံးဖိန့်ဖိန်တုန်အောင် ကြောက်ပြနေလို့ ကင်း ဒေါသထွက်လာကာ ဖုန်းကိုနံရံဆီ ပြစ်ပေါက်လွှတ်ကာ ခွဲပြစ်လိုက်၏။
ကြောက်ပြနေလိုက်တာ ဆိုတာ မသိရင် ကိုယ်ကပဲ နေ့ရှိသ၍ ကြိမ်းမောင်းနှိပ်စက်ထားသလိုလို ....

ပြီးတော့ သူ ချထားတဲ့ စည်းကမ်းတွေကိုပဲ ချိုးဖောက်နေကြတာ....|

သူ ကုမ္ပဏီကပြန်လာပြီး အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းထဲက တံခါးနံရံကို ကွယ်ကာ ပြောနေသည့်အသံကို ကြားလိုက်ရတာဖြစ်သည်။
ပုံစံကိုကြည့်တော့လဲ လူက ညိုတိုတို ပိန်ရှည်ရှည် ဘယ်အပိုင်းက အလုပ်သမားမှန်း မသိပေမယ့် ဒီအိမ်ကြီးထဲက သန့်ရှင်းရေးသမားတွေထဲမှာတော့ တစ်ခါမှ မမြင်ဖူးသည့်မျက်နှာမျိုး.....

"ဟိတ် လာကြစမ်း ဘယ်သူမှ မရှိဘူးလား လာကြစမ်း သေကုန်ကြတာလားဟ"

Little butterfly in the devil garden (Uni/Zawgyi ){Complete}Where stories live. Discover now