episode 10

8.1K 243 1
                                    

🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း (၁၀) 🌸

တစ်ယောက်နဲ့တစ်ယောက်မကျေနပ်နေတာ ဘာအကြောင်းရယ်မှ ဂဎဏန မရှိပေမယ့် ပြန်ရောက်ထဲက စကားလဲမပြောဖြစ်ကြ။

ရန်ရန်း ကလဲ အခန်းထဲတန်းဝင်သွားတာ ပြန်ထွက်မလာသလို သူ ကလဲ စာကြည့်ခန်းမှာ အလုပ်ကိစ္စပြောဖို့ အသင့်စောင့်နေတဲ့ မင်းလွင် ဆီ တန်းသွားသည်။

အိပ်ခါနီးမှ သူ အခန်းထဲဝင်လာတော့....

အခန်းထဲက လသာဆောင်ဘက်ထွက်ရပ် နေတဲ့
ရန်ရန်း ဆီ လျှောက်လာပြီး

"အခုလိုကျေအေးခဲ့တာ စိတ်ချမ်းသာသွားလား"

စကားတွေကထိသလို ရိသလို....

ရန်ရန်း ကသူ့အသံကြားလို့ လှည့်ကြည့်ရင်း
မျက်ခုံးလေးပင့်ကာ

"ဘာကို ပြောချင်တာလဲ"

သူနဲ့ထပ်တူကျနေတဲ့ သူမရဲ့ အေးစက်စက် မျက်ဝန်း တွေကို ပြန်ကြည့်ရင်း
သူမ အနားထိလျှောက်သွားသည်။

ပန်းဆီရောင် ညဝတ်အင်္ကျီလေးနဲ့အတူ ညမီးလုံးလင်းလင်းလေးအောက်မှာ သူမ ခန္တာကိုယ်လေးက ချပ်ကပ်သွယ်လှစွာ

အင်္ကျီလည်ပင်းလေးက မဆိုသလောက်လေး ဟိုက်ကျနေတာမလို့ ဖြူဝင်းနေတဲ့ ရင်ဘက်လှလှလေးက အထင်းသား

သူ စူးစိုက်ကြည့်နေတာကို ရန်ရန်း က မကျေနပ်သလိုလေး ဖြစ်သွားပြီး တစ်စောင်းပြန်လှည့်ပြစ်သည်။

"ဂုဏ်သိက္ခာတရား အင်မတန်ကြီးမားတဲ့ ဦးစစ်ရိပ်ကင်း ရဲ့ မဟေသီက ပစ္စည်းခိုးမှုနဲ့ ရဲစခန်းရောက်သွားတာကို မကျေနပ်တာလား"

"ဟေ့ "

ရန်ရန်း လက်ကလေးကို ဖမ်းဆွဲလိုက်တော့ သူ့ ဘက်ကို တစ်စောင်းလေးပါသွားသည်။

လူ တစ်ယောက်လုံးကိုအမြဲ အဲ့လို ထင်သလို ဆွဲလွဲပြီး သူပြောချင်ရာကို ဘယ်သူ့ခံစားချက်မှ ထည့်မတွက်ပဲပြောဆိုတက်တာကြောင့် သူ့ ကို ရန်ရန်း အမြင်ကပ်တာ

ကင်း က သူ့လက်ကလေးကို အတင်းဖယ်ချဖို့ ကြိုးစားနေတဲ့ ရန်ရန်း ရဲ့ နီရဲနေတဲ့မျက်နှာလေးကို ငုံမိုးကြည့်ကာ

Little butterfly in the devil garden (Uni/Zawgyi ){Complete}Waar verhalen tot leven komen. Ontdek het nu