episode 9

7.8K 255 0
                                    

🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း (၉)🌸

အစည်းဝေးခန်းမထဲကို တစ်လှမ်းချင်း ဝင်လာတော့
သူ့ ကိုမြင်လိုက်ရတဲ့ လူတိုင်း အံ့ဩတုန်လှုပ်လျှက်

"သူပဲ..."

"IMS က CEO မလား"

"စစ်ရိပ်ကင်း ဆိုတာ သူ လေ"

အစည်းဝေးခန်းထဲမှာ တစ်ယောက်တစ်ခွန်း တိုးတိုး‌ တိုးတိုးခေါင်းချင်းဆိုင် ပြောနေကြသည်။

စမတ်ကျကျ ဝတ်ထားတဲ့ အနက်ရောင်အနောက်တိုင်းဝတ်ဆုံကို ပြန်ပြင်ဆွဲချကာ အစည်းဝေးခန်းမရဲ့ ထိပ်ဆုံးခုံမှာ နေရာယူလိုက်၏။

ဘာမှ မသိနားမလည်တဲ့ လူတွေအထဲ ဒေါ်မြင့်မိုရ်စံ ကလဲ မျက်လုံးအပြူးသား

ဒီနေရာက သူ ထိုင် ရမယ့်နေရာမှ မဟုတ်တာ!

ဒေါ်မြင့်မိုရ်စံ ဦးအေးမောင် ကို လှမ်းကြည့်တော့
ဦးအေးမောင်က မျက်နှာကြီးညိုလျှက်

"ကဲ ကျွန်တော် ဘယ်သူလဲ ဆိုတာ သိတဲ့သူလဲ ရှိသလို မသိတဲ့ သူလဲ ရှိသေးတာမလို့ အရင်ဆုံး ကျွန်တော် မိတ်ဆက်ပါရစေ"

ထို စကားပြောပြီး သူက ထိုင်ရာကနေ မက်တပ်ထရပ်သည်။

"ကျွန်တော်က International Moon Sun ရဲ့
CEO စစ်ရိပ်ကင်း ..... ဒီနေ့ ဒေါ်မြင့်မိုရ်စံ ခေါ်ထားတဲ့ ရှယ်ယာရှင် အစည်းဝေးကို လာတက်ရောက်ခြင်းပါ "

သူက စကားစ ကိုရပ်ပြီး ဦးအေးမောင်ကိုကြည့်ကာ

"ပြီးတော့ ဒီခုံမှာ ထိုင်ရတာကလဲ ဒီခုံမှာထိုင်ခွင့် အလုံအလောက်ရှိလို့ ..... ကျွန်တော့ ဆီမှာ ကုမ္ပဏီပိုင် ရှယ်ယာ လေးဆယ်ရာခိုင်နှုန်း ရှိတယ်"

လေးဆယ်ရာခိုင်နှုန်းဆိုတော့ ရှယ်ယာရှင်တွေ ခေါင်းခြင်းဆိုင်ကြပြန်သည်။ ထိုထဲမှာမှ

"မဖြစ်နိုင်ဘူး"

ဒေါ်မြင့်မိုရ်စံ ဝုန်းခနဲ ထရပ်ကာ

"ကိုအေးမောင် ရှင် ဒီတိုင်းငြိမ်နေတော့မှာလား"

ဦးအေးမောင် ကို စူစူးရဲရဲကြည့်ရင်း မေးသည်။

"ငါ ဘာတက်နိုင်မှာလဲ ငါ့ဆီမှာ သုံးဆယ်ရာခိုင်နှုန်းပဲရှ်ိတာ "

Little butterfly in the devil garden (Uni/Zawgyi ){Complete}Where stories live. Discover now