episode 15

6.3K 195 1
                                    


🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း (၁၅)🌸

ခါးနာတာ အကြောင်းပြပြီး ဆိုဖာပေါ်မှာ ထိုင်ကာ သူ့ကိုလဲ မယုံသလိုအကြည့်တွေနဲ့ ကြည့်လိုက် မျက်စောင်းခဲလိုက်နဲ့

ခံပေဦးပေါ့ ဈာန် သူချော်လဲသွားတာ မင်း အပြစ်

"ကိုမင်းလွင် "

"ဟုတ်ကဲ့ မမလေး"

"သူ့ကို အောက်ဆုံးထပ်မှာ အခန်းတစ်ခန်း စီစဉ်ပေးလိုက်"

မင်းလွင် နဲ့ ဈာန် က သူမ အခြေနေကို ကြည့်ရင်း မင်းလွင် ကို အခန်းစီစဉ်ခိုင်းလိုက်တော့ ဈာန့် မျက်လုံးက ပြူးလျှက်သား

သူမ ကို သူ လိုက်ပို့ရုံတင် ဒီအိမ်မှာနေဖို့အထိမပါ
တကယ်လို့ သူနေချင်ရင်တောင် အစ်ကို က သူ့ကို နေခွင့်ပြုမှာတဲ့လား

မခေ့်တဲ့အရပ် မကြည်ဖြူတဲ့ အရပ်မှာ သူမနေချင် သူ့မှာလဲ သူ့မာနနဲ့သူ

"ဟေ့ .... ဟေ့ ငါပြန်မှာ အပို ကိစ္စတွေမလုပ်နဲ့"

ရန်ရန်း က သူ့ကို မျက်မှောင်ကုတ်ကြည့်ပြီး

"မပြန်ရဘူး ကိုကို ပြန်မလာမချင်း ရှင် ဒီမှာပဲနေရမယ်"

"မနေနိုင်ဘူး မင်းအခြေနေ ကောင်းလားမကောင်းလားကြည့်နေတာ ကြည့်ပြီး သွားမှာ"

"မသွားရဘူး!"

သူမ အော်လိုက်တော့ ဈာန်က ရှုံ့တွတွနဲ့ သူမကိုကြည့်သည်။ သူမ က ဂရုမစိုက်သလို မျက်စောင်းလေးထိုးပြီး

"ဘာလုပ်နေတာလဲ ကိုမင်းလွင် အခန်းစီစဉ်ပါဆို"

"ဟေ့ ဟေ့ ငါမင်းကိုပြော....."

"အား! ခါးကတော်တော်နာနေတာ "

နာတာမှန်ပေမယ့် ပိုပြီး ကဲပြလိုက်သည်။ ထိုအခါ ဈာန် ကော မင်းလွင် ကော ပြာပြာသလဲ ဖြစ်သွားကြကာ

"မမလေး"

"မင်း မင်း နာနေတုန်းလား"

"ဟုတ်တယ် .... အဲ့တာရှင့်ကြောင့် ရှင် ဘယ်မှသွားဖို့မစဉ်းစားနဲ့ ရန်း ဒဏ်ရာပျောက်တဲ့အထိ ရှင် ဒီမှာနေရမယ်"

"ဘာကွ!"

သူ ခပ်ဆက်ဆက် အော်လိုက်တော့

"အား.... ရှင့် အသံပြဲကြီးနဲ့ မအော်ပါနဲ့ ဒီမှာပိုနာလာပြီ"

Little butterfly in the devil garden (Uni/Zawgyi ){Complete}Donde viven las historias. Descúbrelo ahora