episode 4

8.4K 286 2
                                    

🦋 စေတန်ဉယျာဉ်ထဲက လိပ်ပြာငယ် 🦋

အခန်း (၄) 🌸

"ရန်း မလုပ်ပါရစေနဲ့ ကြီးကြီးရယ် အဲ့လိုကြီးတော့ ရန်း မလုပ်ပါရစေနဲ့ နော် ကြီးကြီး နော်"

ဒေါ်မြင့်မိုရ်စံက ရန်ရန်း ခုတင်ပေါ်မှာ ခြေချိတ်ထိုင်နေကာ ရန်ရန်း က သူ့ရှေ့ တရှုံ့ရှုံ့ငိုရင်း ကြမ်းပြင်မှာ ကျုံ့ကျုံ့လေး ထိုင်နေတော့ အဖြူရောင်ဂါဝန်ကြီးကအနောက်မှာ အပုံ‌လိုက် လှပစွာ ပြန့်ကျဲနေ၏။

"စကားတွေအများကြီး မပြောချင်ဘူးအေ .... ညည်း ငါ ခိုင်းသလိုလုပ်ရမယ်"

"တခြား တခြားဟာ ခိုင်းပါ နော် ကြီးကြီး"

"အပိုတွေမပြောနဲ့ ညည်းမျက်နှာ ပဝါပါးလေးအုပ်ထား
ဒါဆို ဘယ်သူမှမသိဘူး ....."

"ရန်း ထွက်သွားဆို ထွက်သွားပါမယ် အဲ့ကိစ္စကြီးတော့မလုပ်ပါရစေနဲ့"

"အော် ထွက်သွားချင်တယ်ပေါ့လေ အတောင်လက်စုံတော့ ဒီစကားထွက်လာပြီပေါ့ ဟုတ်လား ညည်းကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ၁၅နှစ်တာ ကာလရဲ့ ကျေးဇူးတရားတွေကို ဒီလိုပုံစံနဲ့ ဆပ်လိုက်မယ်‌ ပေါ့လေ မရဘူး ထွက်သွားချင်လဲ ဒီကိစ္စပြီးမှသွား"

"မဟုတ်ပါဘူး ကြီးကြီး ရယ် ..... ဟင့် ဟင့် ဟင့်"

"မဟုတ်ရင် ငါပြောသလိုလုပ် စိတ်ချပါအေ ငါ ကလဲ ညည်း ကို သတိုးသမီးအစစ် မလုပ်ခိုင်းပါဘူး ဧည့်ခံပွဲမှာ ခဏလေးဝင်နေရုံပဲ အဲ့အချိန်အတွင်း စံ ကို ငါရှာလာမယ် ပြီးရင် ညည်းနဲ့လူစားထိုးလိုက်မယ် ...."

"ရန်း ကြောက်တယ် ကြီးကြီး ဟင့် ဟင့် .... မမစံ နဲ့ တစ်ဖက်လူက တွေ့ဖူးထားကြတယ် ရန်း မျက်နှာကို မြင်တာနဲ့ တန်းမှတ်မိမှာပဲ .... ရန်း မလုပ်ပါရစေနဲ့ ကြီးကြီးရယ် ဟင့် ဟင့် ဟင့်"

ရန်ရန်း လက်အုပ်လေးချီပြီး ဒေါ်မြင့်မိုရ်စံရှေ့ တောင်းပန်တိုးလျိုးသည်။ ဒီကိစ္စက အခန့်မသင့်ရင် သူမ တစ်ဘဝလုံး ပျက်စီးသွားနိုင်၏။ ဒါကြောင့် သူမ လက်မခံနိုင်....

ဘယ်လောက်ပင်ငြင်းငြင်း ဒေါ်မြင့်မိုရ်စံက လက်မလျော့

"အပိုတွေ မပြောနဲ့အေ ဧည့်ခံပွဲ ပြီးရင် ညည်းကို ငါ လာပြန်ခေါ်မယ် ရော့ ဒီမှာ ဒီ ဇာခေါင်းဆောင်းအုပ်လိုက်ရင် ညည်း မျက်နှာ ဘယ်သူမှ မမြင်ရတော့ဘူး"

Little butterfly in the devil garden (Uni/Zawgyi ){Complete}Where stories live. Discover now