Flashback

ဂျီအန်းသတိပေးပီးတာနဲ့ ဦးလေးထယ်ဆွန်းက ဂီထက်ဆီ ဖုန်းခေါ်လိုက်တယ်

ထယ်ဆွန်း........ ဂီထက် ဂျီအန်း အန္တရာယ်များတယ် မင်းသိတယ်မလား သူမက ဘယ်လောက်တောင် မိုက်ရှူးရဲဆန်လဲဆိုတာ
မြန်မြန်သွားပေးပါ အများကြီးနဲ့တစ်ယောက်
မဖြစ်ဘူး.........

ဂီထက်....... အစ်မ ဂျီအန်း ကာကွယ်ပေးချင်
တဲ့သူက ဦးလေးတို့ပါ စိတ်မပူဘဲ စောင့်နေပေးပါ ကျတော် သေချာပေါက် အစ်မဂျီအန်း ကို ကယ်ထုတ်လာမှာမို့........

ဂီထက် ကချက်ချင်းကားနဲ့ ဂျီအန်းဆီပြေးလာခဲ့တာဖြစ်သည်
ဂျီအန်း ဒဏ်ရာ ရခဲ့ရင် ကုသနိုင်အောင်
ဆော့ဝန်းပါလိုက်ခဲ့တာဖြစ်သည်

သူတို့ကားလေး လိုဏ်ခေါင်းထဲ စဝင်တာနဲ့
ဆိုင်ကယ်တစ်စီးကိုပဲ တခြားသော ဆိုင်ကယ်တွေ ဝိုင်းတိုက်ခိုက်နေတာကိုတွေ့လိုက်ရတယ်
ဂီထက်ကတော့ ချက်ချင်း ဝိုင်းရံနေတဲ့ ဆိုင်ကယ်တစ်စီးချင်းစီကို ပစ်ခတ်တော့တယ်
သူတို့ ဂျီအန်း ရဲ့ဘေးကနေ ရန်သူတွေကို ပစ်ခတ်ပေးပီး ခဏမှာပဲ ဗုံးပေါက်ကွဲပီး လိုဏ်ခေါင်းရဲ့ဘေးနံရံတွေပြိုကျလာတာကိုတွေ့လိုက်ရတယ်
ဂျီအန်း အပေါက်ဝကအမြန်ပြန်ထွက်နိုင်ဖို့ နောက်ကနေ လမ်းရှင်းပေးရင်း
အပေါက်ဝ မှာရှိနေတဲ့ ဗုံးတွေပါ ထပ်ပေါက်ကွဲတာကိုကြားလိုက်ရတယ်
သူတို့လဲ ကားကိုအမြန်လေးမောင်းလိုက်တော့တယ်

အပြင်ကိုရောက်တာနဲ့ ကားလေးဟာစုတ်ပြတ်သတ်နေပီဖြစ်တယ်
ဒါပေမယ့် ဂရုမစိုက်နိုင်ပဲ
ဂျီအန်းဘေးကင်းလား အပြေးထွက်ကြည့်လိုက်ကြတယ်
သူတို့တွေ့လိုက်ရတာကတော့ မြေပြင်ပေါ်လဲကျနေတဲ့ ဂျီအန်းပဲဖြစ်တယ်

Flashback End





မိုဆော့ဝန်း ဂျီအန်းကိုကုသအပီး အပြင်ကိုထွက်ချိန်မှာပဲ အခန်းထဲ မပြေးရုံတမယ်ဝင်လာတဲ့ဂျီနာကိုတွေ့လိုက်ရတယ်
အခန်းထဲ အတင်းဝင်ဖို့စဥ်းစားနေတဲ့ ဂျီနာကို
သူ့ရင်ခွင်ထဲ ခပ်ဖွဖွဆွဲသွင်းပီးနှစ်သိမ့်လိုက်တယ်

ဆော့ဝန်း........ ဂျီနာ မင်းအရမ်းစိတ်ပူနေတယ် အစ်မ ဂျီအန်းကိုတွေ့ချင်နေတယ်ဆိုတာသိတယ် ဒါပေမယ့် ခဏလေး ခဏလေးစောင့်ပေး
ငါ့ကိုယုံကြည်တယ်မလား ငါကုသပေးထားတာ မို့လို့ စိတ်မပူပါနဲ့.........

villain systemWhere stories live. Discover now