Chapter 207 to 210 (U)

Start from the beginning
                                    

ထိုချိန်က နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် တရုတ်ရုပ်ရှင်တစ်ခုမှ ရုပ်ရှင်ဆုမရခဲ့သည်မှာဆယ်နှစ်နီးပါးခဲ့ပြီဖြစ်တာကြောင့် နန်ယန်သည် ပိုလို့ပင် နာမည်ရသွားခဲ့လေသည်...

တရုတ်ရုပ်ရှင်က ဆုရသွားသည်ဟူသောသတင်းဟာ တရုတ်နိုင်ငံသို့ ပြန့်သွားချိန်တွင် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားလောကနှင့် ရုပ်ရှင်ဝါသနာအိုးများဟာ ၎င်းတို့သည် ထိုရုပ်ရှင်ကို မကြည့်ဖူးသေးကြောင်း အချင်းချင်းပြောလာကြပေတယ်... နန်ယန်ရဲ့ရုပ်ရှင်က ရုပ်ရှင်ပြသသောအင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုတွင် ရှိသည်ဟု သိရသည်နှင့် ထိုဝက်ဘ်ဆိုဒ်အား အသည်းအသန်ရှာဖွေကာ ကြည့်ရှုကြတော့၏... ဤသို့ဖြင့် ထိုဝက်ဘ်ဆိုဒ်တွင် နန်ယန်ရဲ့ရုပ်ရှင်ဟာ ကြည့်ရှုသူအများဆုံးဖြစ်သွားခဲ့လေသည်...

လူတော်များများသည် နန်ယန်၏ရုပ်ရှင်ကို ရုပ်ရှင်ရုံတွင် မတင်ခဲ့ရသည်က အတော်နှာမြောစရာကောင်းကြောင်း​၊ နန်ယန်သာ နောက်ထပ်ရုပ်ရှင် ထပ်ရိုက်ပါက ထိုရုပ်ရှင်ကို ကြည့်ရရန် ရုပ်ရှင်လက်မှတ်ကို လုယက်ဝယ်ယူမည်ဖြစ်ကြောင်း ပြောလာကြလေ၏...

ကံမကောင်းစွာနဲ့ နန်ယန်ဟာ နောက်ထပ်ရုပ်ရှင် ထပ်ရိုက်နိုင်ခဲ့ပါချေ...

နန်ယန်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် နာမည်ကျော်ကြားကာ အောင်မြင်မှုတဟုန်တိုးရခဲ့သော်လည်း သူ့တွင် ကောင်းမွန်တဲ့ကျောထောက်နောက်ခံမရှိခဲ့ပေ... သူက ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေသော်ငြား မနာလိုသူက များပြားလာခဲ့ပေတယ်... နောက်ဆုံးတွင်တော့ နန်ယန်ဟာ ထိုသူတို့ရဲ့ပိတ်ဆို့တားဆီးမှုများကြောင့် သူ့ရဲ့ကျန်ရှိသောဘဝတစ်လျှောက်လုံး တိတ်တဆိတ်သာနေခဲ့ရတော့၏...

ဤအခြင်းရာများသည် ဝတ္ထုထဲရှိနန်ယန်၏ဘဝပင်...

ရီကျန်းသည် ထိုအကြောင်းတို့ကို သူမခေါင်းထဲမှထုတ်လိုက်တော့သည်... ဝတ္ထုထဲတွင် နန်ယန်တစ်ယောက် ဒုက္ခရောက်ခဲ့ရခြင်းမှာ နောက်ခံကောင်းကောင်းမရှိခဲ့သောကြောင့်ဖြစ်၏... သို့သော် ယခုတွင် လုကော်ပိုရေးရှင်းက သြဇာအာဏာကြီးမားပြီး ကြွယ်ဝတာကြောင့် နန်ယန်အတွက် အကောင်းဆုံးနောက်ခံဖြစ်နိုင်ပေတယ်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now