အခန်း ၄ ( အပိုင်း ၂)

Start from the beginning
                                    

"တောင်းပန်ပါတယ် ဖေဖေ သမီး မှားမှန်းသိပါတယ်" လူတိုင်းက လော့ယောင်ယောင် ပြန်ခံပြောမယ်ထင်နေကြတုန်းမှာပဲ လော့ယောင်ယောင်က ရိုးကျိုးစွာ ခေါင်းငုံ့ကာ သူမအမှားကိုဝန်ခံလိုက်သည်။

လော့ယွမ်ဇီတောင် ကြောင်သွားတဲ့ထိ သူကလော့ယောင်ယောင်ကို သေချာအကဲခတ်ပြီး လေသံပျော့သွားကာ "မှားမှန်း သိတာကောင်းတယ် ယောင်ယောင် ညည်းအစ်မကိုတောင်းပန်လိုက်ချေ"

လော့ယောင်ယောင် ပေါက်ကွဲဖို့ အားလုံးစောင့်နေကြသည်။ ဖန်ရှီလဲ့တောင် သိပ်မကျေနပ်တော့ လော့ယွမ်ဇီပြောတာ မမှားတောင် သူမ သမီးက ပြန်ခံပြောလိုက်ရင်တောင် သူမက မသိချင်ယောင်ဆောင်နေမှာ ဘာလို့ လဲ ဆိုတော့ သူမသမီးကို ဘယ်သူကမှ အနိုင်ကျင့်ခွင့်မပြုနိုင်လို့လေ

"အစ်မ တောင်းပန်ပါတယ်" လော့ယောင်ယောင်က တောင်းပန်ကာ လော့ချန်ချန်ကို သနားစရာကောင်းစွာကြည့်ပြီး "ညီမ အဲ့လို ကပ်စေးမနှဲခဲ့သင့်ဘူး အစ်မ ဖုန်းပျက်နေတာ သိရဲ့သားနဲ့ တစ်ခုလေးတောင် မငှါးချင်သလို ဖြစ်သွားတယ်"

လော့ယောင်ယောင်က သူမလက်ထဲ ကကိုင်ထားတဲ့ အရာကို စားပွဲပေါ်ချကာ လော့ချန်ချန်ဘေးကို တွန်းပို့လိုက်သည်။ ၈၀ ရာခိုင်နှုန်းလောက်ဖုန်းအသစ်ပင် ခေါင်းစဉ်ပြောင်းပြီး လော့ယောင်ယောင်က သနားစရာကောင်းစွာနဲ့ "ဒါမဲ့ အစ်မ နင်မနေ့က ငါ့အခန်းနေ ယူသွားတဲ့ဖုန်းက ငါ့ကိုချင်းကျင်းလက်ဆောင်ပေးထားတာ ငါ အဲ့ဒါကို အခုမသုံးသေးပေမယ့် အမှတ်တရအဖြစ်သိမ်းထားချင်လို့ပါ အဲ့ဒါကြောင့် ငါ့ကို အဲ့ဖုန်းလေး ပြန်ပေးလို့ရမလား ပြီးတော့ အဲ့ဖုန်းက ဟောင်းတောင်နေပြီရယ် အစ်မ​ဒီဖုန်းကို သုံးလို့ရပါတယ်"

လော့ချန်ချန်ကြောင်သွားတော့သည်။။ သူမက အဆဲခံရဖို့ ပြင်ဆင်လာတာတောင် ဘာလို့ ဒီလိုပြောင်းလဲသွားတာလဲ

သူမ သမီးပြောတာကြားတော့ဖန်ရှီလဲ့က အခြေအနေပြောင်းသွားတယ်ဆိုတာ သိလိုက်ကာ လော့ယွမ်ဇီကို တချက်ကြည့်ပြီး "ယောင်ယောင် ဘာဖြစ်တာလဲ ချန်ဟောက် အတွက်ပြင်ထားတဲ့ လက်ဆောင်ပျောက်သွားတာဆို ဘာလို့ ဖုန်းအကြောင်းပြောနေတာလဲ?"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now