သူလွတ်ပေးလိုက်တော့..သဲကကုတင်ပေါ်
ကကမန်းကတန်းထပြီး...ရွဲ့စောင်းကုန်တဲ့
အဝတ်တွေကိုပြန်ပြင်လေသည်...။
ပြီးနောက်...."ရော့....ပန်းသီးလေးစားလိုက်ဦး..."
ပန်းသီးပန်းကန်ထိုးပေးကာဆိုလာပါသည်..။
"အာ......"
ကုတင်ပေါ် ကျောနောက်ခေါင်းအုံးခုလို့
ထိုင်နေရာကနေ....ပါးစပ်လေးဟပြီး...
အာ....ကိုသံရှည်ဆွဲတော့..သဲ က
ပန်းသီးပန်းကန်ကြီးအကိုင်လိုက်နဲ့ပြူးကြည့်
လာသည်....။"ကိုယ့်ကို အ.ပေးလေး....သဲကလဲ...
ပြူးပဲကြည့်နေတော့မှာလား..."ရုတ်တရက်ကြီး နဖူးပေါ်ရောက်လာတဲ့
လက်နွေးနွေးကလေး...။
သူ့နဖူးပေါ်လက်တင်ကာ...မျက်လုံးလေး
ကျဉ်းပြီး အပူချိန်ဆန်းစစ်နေပုံရတဲ့ သဲ...။"အဖျားလဲမရှိတော့ပဲနဲ့ကို.......ဟွန်း
ကယောင်ကတန်းတွေဖြစ်နေသေးတာ
လား...."ကိုယ့်ကိုကြည့်ကာ...အတည်ပေါက်ကြီးနဲ့
မေးလာတဲ့ သဲ ရဲ့စကားကြောင့်သူ့ခင်ဗျာ
ရို တော့မယောင်ယောင်နဲ့ နင်သွားရသည်..။"ကိုယ်ကဘာလို့ ကယောင်ကတန်း
ဖြစ်ရမှာလဲ....ကိုယ့်ချစ်သူလေးခွံ့ကျွေးတာ
စားချင်ရုံလေးကို..."အောက်နှုတ်ခမ်းလေးကိုရှေ့ကိုတမင်
ထိုးထုတ်ပြီးချစ်စဖွယ်ပုံစံနဲ့ပြောပစ်လိုက်
သည်....။ဒီတစ်ခါမှာတော့ သဲရဲ့မျက်လုံးလေးတွေ
ကပိုပြီးပြူးကျယ်လာပါသည်...။
ဆိုဖာပေါ်မှာရှိနေမယ့်....ချွဲမင်ဟိုကို
မသိမသာလှမ်းကြည့်လိုက်တော့...
သူလည်းပဲ...ပန်းသီးစိတ်...
အကိုက်လိုက်ကြီး...ကြောင်ကြည့်
နေလေရဲ့...။
အင်းပေါ့....သူကခပ်မိုက်မိုက်နဲ့ဂျစ်ကန်ကန်
ပုံစံ အိုဆယ်ဟွန်းကိုပဲမြင်ဖူးတာလေ...။
အဟက်..... အိုဆယ်ဟွန်းရဲ့ဒီလိုပုံစံက
သဲလေး အတွက်သီးသန့်ဖြစ်တည်လာ
တာကိုး....။အဲဒီအချိန်မှာပဲ ပါးစပ်ထဲကိုရုတ်တရက်ကြီး
ရောက်လာပါသော...ပန်းသီးစိတ်...။"စားမှာသာစားစမ်းပါ...ဟွန်းရာ....
မကြီးမငယ်နဲ့ကလေးလိုလုပ်မနေစမ်းနဲ့...
ရော့....."
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...