Extra 7(the end)

7K 164 10
                                    

Uni

အေးမြသော ဆောင်းမနက်ခင်းတွင် မြူခိုးများဟာ မှန်ပြတင်းပေါ်မှာ အငွေ့ရိုက်လျက်။
အအေးဒဏ်ကို အံတုကာ ချွေးစေးချွေးပေါက်များဟာ နဖူးပြင်မှတစ်ဆင့်......

"ဖေဖေ့"

ဝဝကစ်ကစ်နဲ့ ဖြူဖြူဖွေးဖွေး ကလေးလေး၏ ပါးများဟာ သာမန်ထက် ပို၍ ဖောင်းလို့နေသည်။
ထိုကလေးဟာ သူ့ပါးစပ်မှ ခေါ်ရင်း ဖခင်ရှိရာသို့ တရှိန်ထိုးပြေးလာနေသည်။

ကလေးအသံကြားသောအခါ ဖခင်ဟာ ပြေးစက်ပေါ်မှဆင်း၍ အရှေ့မှ ဆီးကြိုထားလေသည်။

"လာပါဦးကွာ ဖေဖေ့သားလေး"

"ဖေဖေ့"

"ဗျ ဗျ"

ဆီးကြိုထားသော ဖခင်လက်အတွင်း ရောက်ရှိလာသော သားငယ်အား ပွေ့ချီလိုက်သောအခါ ပျော်ရွှင်သွားသော ကလေးငယ်က ကော့တက်မတတ်ပင်။

"မုန့် မုန့် လုံးလုံး သားသားစား"

စကားမပီတပီ ပြောလျက် ပါးစပ်ဟပြနေသော သားငယ်အား ဖခင်က ချစ်ခင်မှု အပြည့်ဖြင့် ကြည့်နေလေသည်။

"ဟာ မေမေ သိလား"

"သိပူး"

နှုတ်ခမ်းလေးအား ဆူပြီး ခေါင်းခါ၍ ပြောလိုက်ပုံလေးဟာ ချစ်စဖွယ်အတိ။

"မေမေ ဆူရင် ဘယ်လိုလုပ်မလဲ"

"ဖေဖေ သားသား စား ဆူခံ"

"ဟာ"

"ဟီး ဟီး ခစ် ခစ်......."

၂ နှစ်ထဲဝင်စပြုနေသော သားငယ်လေးဟာ စကားလည်း အတော်တတ်နေပြီ။
အကိုနဲ့အမဟာ အေးသလောက် ထိုကလေးဟာ အရမ်းကဲ။
အိမ်မှာဆိုလျှင်လည်း သူ့လက်သူ့ခြေချည်းပင်။

အခုလည်း သူ့မေမေ မသိအောင် သကြားလုံး ခိုးစားလာပြန်ပြီ။
သူ့မေမေသိလျှင် သူ့ကိုဆူဦးမည်။
ထိုကလေးက ဒါကိုသိ၍ စစ်ကူလာတောင်းခြင်း။
ခက်တာက ကိုယ်လည်းမကူညီနိုင်။

ပို၍ ဆိုးသည်က ခွန်းက သူကလေးတွေဆုံးမနေချိန် တခြားသူ ဝင်ပါရင် မကြိုက်။
တကယ်တော့ ခွန်းဆုံးမပုံ ဆုံးမနည်းဟာလည်း မှန်ကန်သည်။
ကလေးတွေကို ရိုက်နှက်ခြင်းမပြု နားဝင်အောင် ပြောခြင်း။
ဆိုတော့ ခွန်းဝင်မပါစေချင်တာ ခွန်းအလွန်မဟုတ်။

You've reached the end of published parts.

⏰ Last updated: May 04, 2022 ⏰

Add this story to your Library to get notified about new parts!

You had me at helloWhere stories live. Discover now