Uni
အချိန်တွေဟာ သူ့အတွက်တော့ သိပ်ကို ရှည်ကြာလွန်းသည်။
အချစ်တစ်ခုထဲကို ဘဝကြီးထင်မှတ်နေမိသည့် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်လို ဖြစ်နေမိပြီလား။အဲ့လိုတော့ မဟုတ်။
သူဟာ အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အရွယ်ရောက်ပြီးသား လူတစ်ယောက်ပါ။
ဒါပေမယ့် သူ့ခံစားချက် သူ့အချစ်ကို သူမချိုးနှိမ်နိုင်သူမနဲ့ပတ်သတ်ရင် သူဟာ တခြားအရာအားလုံးကို စဥ်းစားနိုင်စွမ်းမရှိတော့
သူမသာ သူ့အတွေးထဲမှာ ရှိသည်။
သူမသာ သူ့ဘဝရဲ့ အရေးပါဆုံးပင်သူ သူမဆီမှာ လွန်ခဲ့သော အချိန်တွေကတည်းက ကျဆုံးပြီးခဲ့ပါပြီ။
သူကိုယ်တိုင် ထိုခံစားချက်တွေကို ချိုးနှိမ်ဖို့ မကြိုးစားခဲ့သလို ပို၍သာ ပြင်းထန်စေခဲ့သည်။အခုချိန်မှာ သူ့စိတ်ကိုပင် သူမနိုင်တော့
သူ့မကို သူ ချစ်နိုင်တာထက် ပို၍ချစ်နေမိသည်
မြတ်နိုးနေမိသည်အချစ်ဆိုတာ ပမာဏ များလွန်းသွားရင်လည်း ပူလောင်တတ်သည်မှန်း သူမသိခဲ့
သိကောင်း သိခဲ့နိုင်သည်
သို့ပေမယ့် မရပ်တန့်ခဲ့......."သား မေမေဝင်ခဲ့မယ်နော်"
"ဟုတ် မေမေ့ လာလေ"
"ဒီမှာ သားအတွက် ကော်ဖီပူပူလေးဖျော်လာတယ်"
မေမေ ကမ်းပေးသော ကော်ဖီခွက်ကို သူယူလိုက်ပါသည်။
သူဘယ်လောက် ပင်ပန်းပင်ပန်း မေမေကတော့ သူ့အတွက် အမြဲတမ်း အသင့်ပင်။"သား ခရီးတွေ ဆက်တိုက်ထွက်နေရတော့ ပင်ပန်းနေမယ်ဆိုတာ မေမေသိပါတယ်
ဒါပေမယ့် သားကြီးမေကလည်း သားကို အရမ်းတွေ့ချင်နေတာသားလည်း သိတဲ့အတိုင်း
မေမေတို့ကလည်း အသက်ကြီးနေပြီ
တဖြည်းဖြည်း သွားဖို့ နီးပြီပေါ့ကွယ်လူတွေက အသက်ကြီးလာတာနဲ့အမျှ သိပ်ကို အထီးကျန်တတ်ကျတာ
အဲ့တော့ ကိုယ့်အနားမှာ အမြဲတမ်း အဖော်ပြုပေးမယ့် လူတစ်ယောက် ရှိစေချင်တယ်
စကားတွေ တတွတ်တွတ် ပြောချင်တယ်
YOU ARE READING
You had me at hello
Romanceလူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကိုကျေနပ်ဖို့ ကောင်းတယ် ခန့်ညားထည်ဝါ အားနည်းချက်တွေရှိတဲ့ လူတစ်ယောက်ဟာ အမြင့်ဆုံးကို ရောက်ချင်တဲ့အခါ အချစ်ဆိုတာ အလိုလိုနေရင်း ...