Part 28

2.9K 138 2
                                    

Uni

"မခွန်းသံသာချို"

"ကိုသုတ"

"သက်သာရဲ့လား"

"ဟုတ် သက်သာပါတယ်"

"တော်သေးတာပေါ့ဗျာ
မခွန်းသံသာချို မေ့နေတုန်းက  ဥက္ကဌက အရမ်း စိတ်ပူနေတာ
ခဏလောက်ပဲ ဖြစ်ဖြစ် အနားယူပါဆိုတာတောင် အနားက လုံးဝမခွာဘူး"

"အော် ဟုတ်

ဒါနဲ့ ဆောက်လုပ်ရေးမှာရော ပြဿနာတစ်ခုခုများ ဖြစ်သေးလား"

"ဗျာ"

"ကျွန်မကြောင့် ဒီလိုတွေ ဖြစ်သွားတာ ဆိုတော့"

"ဟာ မရှိပါဘူး ဘာမှ မဖြစ်ပါဘူး အားလုံး အဆင်ပြေပါတယ်"

"တော်သေးတာပေါ့"

"ဒါနဲ့ ဥက္ကဌရော ဒီမှာ မရှိဘူးလား"

"သူ ခုနတုန်းက ထွက်သွားတယ် ဘာလို့လဲ"

"အလုပ်နဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်း တချို့ လာပေးတာပါ"

"company ရောက်မှ ပေးလို့ ရရဲ့သားနဲ့"

"မခွန်းသံသာချို ဆေးရုံ စတက်ကတည်းက ဥက္ကဌက company မလာတော့တာ
အလုပ်တွေကိုပဲ လှမ်းပြီး ညွှန်ကြားနေတာ"

"ရှင်"

"သုတ မင်းရောက်နေတာလား"

"ဥက္ကဌ ဒီမှာ စာရွက်စာတမ်း ကျန်တဲ့ file တွေကိုတော့ mail ကနေ ပို့ထားတယ် တချက် စစ်ကြည့်လိုက်ပါ"

"ကောင်းပြီ"

"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး မခွန်းသံသာချို သွားလိုက်ပါဦးမယ်"

"ဟုတ်ကဲ့ပါရှင့်"

ဘာလို့ ရှင်က company မသွားရတာလဲ

"ဗိုက်ဆာနေပြီလား ကိုယ်မင်းအတွက် ဆန်ပြုတ် ယူလာတယ်
ပူတုန်းလေး စားလိုက်"

"အင်း"

"ဒီမှာ ထည့်ပြီးသွားပြီ လာ"

"ကျွန်မက ခေါင်းထိထားတာပါ လက်တွေခြေတွေက အကောင်းကြီးပဲ ကိုယ့်ဘာသာ စားလို့ရတယ်"

"ခေါင်းထိထားတဲ့သူက ကျန်တဲ့ အစိတ်အပိုင်းတွေလည်း ငြိမ်ငြိမ်လေးပဲ နေရတယ်"

You had me at helloWhere stories live. Discover now