Part 1

12.5K 300 2
                                    

Uni

"သီတာရေ သီတာ"

အထဲသို့မရောက်ခင်ပင် ယုယု၏ အသံကို ဦးစွာကြားလိုက်ရသည်။
လူထက်အသံက အရင်ရောက်နေပြီ။

"အေး ယုယုရေ ပြော အသံဗြဲကြီးနဲ့ အော်မနေနဲ့"

"အမလေးဟယ် နင်ကလည်း အော်ချင်လို့အော်တာ မဟုတ်ပါဘူး
နင့်အမေလေ ဆိုင်ရှေ့မှာ ရောက်နေတယ်
ဟိုဟာ နင့်ညီမလေးလည်း ပါလာတယ်ဟ"

"ဟင် အမေ ဟုတ်လား"

အမေ အမေ ဘာဖြစ်လို့ ရောက်လာရပြန်တာလဲ
လကုန်တုန်းကလည်း ပို့ထားသေးတယ်လေ
အတွေးပေါင်းများစွာနဲ့အတူ ဆိုင်တွင်းမှ
ထွက်လာခဲ့ရသည်။

နေ့လည် ၁၂ နာရီဖြစ်သည့်အတွက် နေလုံးက ခေါင်းပေါ် တည့်တည့်ရောက်နေပြီ။
ဆိုင်ထဲကထွက်ထွက်ချင်း လှမ်းကြည့်လိုက်ရင် အမေ့ကို မြင်နေရသည်။
ဆိုင်ခန်းတွေက တစ်ခုနဲ့တစ်ခု ကပ်နေသည့်အတွက် ရပ်စောင့်ရန်ပင် မလွယ်ကူပါ။
ဘယ်ဆိုင်ကမှလည်း မဝယ်ယူပဲနဲ့ သူ့ဆိုင်ရှေ့မှာ ပိတ်ရပ်နေမည်ကို နှစ်သက်မည် မဟုတ်ပါ။

အသက် ၄၀ ကျော်ရုံသာရှိသေးသောအမေက အရွယ်နှင့် မလိုက်အောင်ပင် ရင့်ရော်လွန်းလှသည်။
အင်မတန်နွမ်းနေသောလုံချည်နှင့် ဘာရောင်မှန်းပင် မသဲကွဲသော အရိပ်ပန်း အင်္ကျီတို့ကို ဝတ်ဆင်ထားသည်။
ဆီမဆွတ်သည့်ဆံပင်မှာလည်း ဖွာလန်ကျဲနေသည်။
လေတိုက်ရင်တောင်လဲတော့မည့် ပါးလျလျ ခန္ဓာကိုယ်နှင့် အမေသည် နေပူထဲမှ ကျွန်မဘက်သို့ လှမ်းကြည့်နေလေသည်။

လက်ထဲမှာ ညီမလေးကိုလည်း ချီထားသေးသည်။ ဖိနပ်လည်းမပါ ခေါင်းဆောင်းလည်းမပါ ဒီလောင်နေပူနေတာကို ကလေးကိုဘာလို့ခေါ်လာတာလဲဆိုပြီး မာန်မဲပစ်လိုက်ချင်ပါသည်။
သို့ပေမယ့် အတွေးစတို့ကို့ဖျတ်ကာ အမေရှိရာသို့ သွားရလေသည်။

"အမေရယ် ဘာလာလုပ်တာလဲ
ဒီလောက်နေပူနေတာကို
ကလေးကိုရော ဘာလို့ခေါ်လာရတာလဲ"

"သမီးရယ် အမေလည်း လာချင်လို့လာတာမဟုတ်ပါဘူးအေ အမေ ငွေလို့နေလို့ပါ"

အမေ့စကားသံအဆုံး ဒေါသက ငယ်ထိပ်ရောက်သွားရပြီ။

"အမေရယ်မလွန်လွန်ဘူးလား
လကုန်တုန်းကလည်း ပို့ထားသေးတယ်လေ ဒီကြားထဲ အဆင်ပြေရင်ပြေသလို လူကြုံနဲ့ထည့်ပေးနေတာပဲလေ
အခုမှ ၁၀ ရက်ပဲရှိသေးတယ်
နောက်ပြီး အလုပ်ကို မလိုက်လာပါနဲ့လို့ ဒီလောက်အတန်တန် မှာထားတဲ့ကြားထဲက
နောက်ပြီးဒီကလေးကိုရော အသက်ကြီးမှ ကလေးထပ်ယူတာ ဂုဏ်ယူစရာများ မှတ်နေလား ဘာလို့သွားလေရာ ခေါ်နေရတာလဲ"

You had me at helloWhere stories live. Discover now