Part 50

2.8K 88 6
                                    

Uni

"မောင် ခွန်း အဆင့်သင့်ဖြစ်ပြီ သွားရအောင်"

ပုံမှန် အနွေးထည်လေးနဲ့ အောက်က ဂျင်းဘောင်းဘီအရှည်သာ ဝတ်ထားသည့် ကောင်မလေး
ဆံပင်တွေကို ဖွဖွ စီးထားလျက်

"ဘာကြည့်နေတာလဲ သွားမယ်လေ"

"အနွေးထည်က ပါးလိုက်တာ ပြန်လဲ"

"ဘာလို့လဲ မောင်ရဲ့ ဒါအဆင်ပြေပါတယ်
နောက်ပြီး ခွန်း အဝတ်အစားပါမလာဘူးလေ
ဒါ အမရာ့ဟာ"

"ကိုယ့်ကို ကြိုမပြောဘူး ခဏနေဦး"

ချက်ချင်းပဲ အထဲဝင်သွားသည့်သူ

မနက် ၄ နာရီလောက်ဖြစ်သည့်အတွက် အမှောင်ထုက ရှိတုန်းပင်
အအေးပိုင်းဒေသ ဖြစ်သည့်အတွက် နှင်းငွေ့တွေက များပြားစွာ

"ဒါလေး အပေါ်က ထပ်ဝတ်"

"အထူကြီးပဲ"

"ဝတ်လိုက်ပါ ခွန်းရဲ့ မဟုတ်ရင် အအေးပတ်နေမယ်"

"အင်းပါ ဟုတ်ပါပြီ"

မောင်ယူလာတဲ့ long coat အရှည်ကြီးကို ထပ်ဝတ်လိုက်တော့ ခွန်းဟာ အနွေးထည်ထဲမှာ မြုပ်လျက်

"ဆံပင်ကို အရင်ဖြည်လိုက်"

"ဘာလို့လဲ"

"ဆံပင်ချထားမှ ပိုနွေးမှာ"

"အဲ့လောက်ထိ လိုလို့လား မောင်ရယ်"

"လိုတာပေါ့ ခွန်းရဲ့
ကိုယ်မှာ ခွန်းကို ခေါ်သွားချင်လွန်းလို့သာ တစ်ခုခုဖြစ်မှာ ရင်တထိတ်ထိတ်နဲ့"

"ဟုတ်ပါပြီ
ဆံပင်လည်းချထားပြီ
အနွေးထည်ကြီးလည်း ဝတ်ထားပြီ ဘာထပ်လိုသေးလဲ"

"သွားရအောင်
အော် လက်အိတ်"

"တော်ပါတော့ မောင်ရယ် အိပ်ကပ်ထဲထည့်ထားမယ်"

"ဒါပေမယ့်"

မောင့်လက်ဖဝါးအား ဆုပ်လျက် မောင့်အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ကို ထည့်လိုက်သည်

"ဒီလိုမျိုး မောင့်အိပ်ကပ်ထဲထည့်ချင်လို့"

"ok"

ခွန်းတို့ကားလေးဟာ ဝေးဝါနေသော မြူမှုန်များကို ဖြတ်သန်းလျက်
အရှေ့ကိုတောင် ကောင်းစွာ မမြင်ရပေမယ့် မောင်ကတော့ ကျွမ်းကျင်စွာပင် မောင်းနေပါသည်

You had me at helloWhere stories live. Discover now