Extra 2

2.9K 112 18
                                    

Uni

"တောက်စ်......!!!!"

ကျယ်လောင်သော တောက်ခေါက်သံနဲ့အတူ စူးရဲသွားသည့် မျက်ဝန်းများ။
တင်းကျပ်စွာ ​ဆုပ်ထားသော လက်သီးက အကြောများထောင်ကာ မာ​ကျောလှသည်။
တင်းတင်းစေ့ထားသော နှုတ်ခမ်းက ခက်ထန်ပြတ်သားလှသည်။

"ဘာဆက်လုပ်မှာလဲ"

အမူအရာနဲ့ အတူ ကျောချမ်းစရာကောင်းလှသည့် အေးစက်သော အမေးစကားက ပေါ်ထွက်လာသည်။
ထိုလူကား တစ်နေရာသို့ စူးရဲစွာကြည့်၍ ပြောနေခြင်း။
ထိုနေရာကား ဦးတည်ရာ မရှိ။

"ကျွန်တော် သေချာစုံစမ်းလိုက်ပါ့မယ် ဥက္ကဌ"

အကြည့်တစ်ချက်က သူ့ဆီသို့ ကျရောက်လာသည်။

"အတွင်းလူ ရှိရမယ်
သေချာ စုံစမ်း
ဒီလောက်ထိ လျှို့ဝှက်ခိုင်းတဲ့ အလုပ်ကိစ္စက ပေါက်ကြားသွားတာ ဆိုတော့"

"ဟုတ်ကဲ့ပါ ဥက္ကဌ
ကျွန်တော် တင်ဒါ case တာဝန်ယူတဲ့ သူအားလုံးကို သေချာ စုံစမ်းပါ့မယ်"

"ကောင်းပြီ

နောက်ပြီး မြေနေရာ လေလံဆွဲဖို့အတွက်က မင်းပဲ သွားလိုက်တော့
အရေးကြီးတယ်
နောက်မကျစေနဲ့"

"ဟုတ်ကဲ့ပါ ဥက္ကဌ
ကျွန်တော် အမြန်ဆုံး သွားပြီး ရအောင်ယူခဲ့ပါ့မယ်"

"စိတ်ချမယ်"

"ဟုတ်ကဲ့ပါ ဥက္ကဌ
ကျွန်တော့်ကို ခွင့်ပြုပါဦး"

ခေါင်းတစ်ချက် ဆက်ပြတော့
သုတ ဥက္ကဌ အခန်းထဲမှ အမြန်ဆုံး ထွက်ခဲ့လိုက်သည်။
ဥက္ကဌ ဘယ်လောက်ထိ ဒေါသထွက်နေမလဲဆိုတာ သုတ ခံစားလို့ရသည်။

ဒီလောက် လျှို့ဝှက်ပြီး တင်တဲ့ ချိတ်ပိတ်တင်ဒါကို တစ်ဖက်က ဘယ်လိုသိသွားပါသနည်း။
သေချာတာကတော့ အတွင်းလူ ရှိလို့သာ။
ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်းနဲ့ သစ္စာဖောက်ခြင်းကို ရွံ့မုန်းသော သူက
ထိုအဖြစ်ကို ဘယ်လိုနည်းနဲ့မျှ ခွင့်လွှတ်မည်မဟုတ်။
မိရင်တော့ မလွယ်

အခုလောလောဆယ် သူ့အတွက်ကတော့ လေလံဆွဲရမယ့် မြေကွက်ကို ရအောင်ယူဖို့ပင်
ထိုမြေကွက်ပါ မရလျှင်တော့.......
သေချာပါတယ်
သူအဖြစ်က ကျားရှေ့ မှောက်ရက်လဲသည်ထက် ဆိုးမည်မှာ အသေချာ......

You had me at helloWhere stories live. Discover now