Extra 3

3.6K 106 11
                                    

Uni

တစ်ယောက်စိတ်တစ်ယောက် အလုံးစုံ နားလည်ပြီဟု သတ်မှတ်ထားသော လူနှစ်ယောက်မှာလည်း အထင်လွဲမှားချိန်ဆိုတာ ရှိနိုင်တယ် ထင်ပါရဲ့။

မောင်ရဲ့ ပြုမူဆက်ဆံပုံတွေက မပြောင်းလဲပါ။
ခွန်းကို သိပ်ချစ်သလို ဂရုစိုက်မြဲစိုက်နေတုန်းပင်။
ဒါပေမယ့် မောင်က ခွန်းအပေါ် ဘယ်လိုအခွင့်အရေးမျိုးမှ မယူ။
ခွန်းနဖူးပြင်ကိုတောင် မောင်က ခွန်းအိပ်ပြီဟု ထင်သောအချိန်မှသာ အနမ်းဖွဖွ ခြွေတတ်သည်။

ဒီလိုကျပြန်တော့လည်း ခွန်းမနေတတ်
မောင့်ကို အရင်တုန်းကလိုပင် ပြန်ဖြစ်စေချင်သည်။
မောင့်ကိုချော့ရအောင်လည်း မောင်ကစိတ်ကောက်နေသူမဟုတ်
ခွန်းထက်ပင် တည်ငြိမ်ကာ သဘာဝကျနေသည်။

မောင် ခွန်းဆီစိတ်ပြန်လည်လာအောင် ခွန်းကို အရင်ကလို ဆက်ဆံရန် ခွန်းဘာလုပ်ရမည်နည်း။
ခွန်း စကားတွေက လွန်သွားခဲ့တာလား။
သေချာတာကတော့ ခွန်း စိတ်ရှုပ်ပါတယ်။
မောင့်ဆီက ဂရုစိုက်မှုကို ဒီ့ထက်ပို၍ လိုချင်သေးပါသည်။

"ဒေါက် ဒေါက်"

ဒီအိမ်ကြီးထဲမှာ ရှိတဲ့သူက သူနှင့် သူ့ချစ်ဇနီးလေး နှစ်ယောက်တည်းပါ။
တစ်ယောက်နဲ့တစ်ယောက် သိပ်ကို privacy လေးစားလွန်းပြီး စောင့်ထိန်းလွန်းရင်လည်း မကောင်း
အကြင်လင်မယား နှစ်ယောက်အတွက်တော့ စည်းများ လိုတာထက်ခြားထားရန် လိုပါသလား။

"မောင် ခွန်းဝင်လာပြီနော်"

သူ့ဆီက ပြန်စာမရသောကြောင့် တံခါးဖွင့်၍ ခွင့်တောင်းကာ ဝင်လာသူလေး
သူမကို တစ်ချက်ကြည့်လျက် သူ့အလုပ်များကိုသာ သူဆက်လုပ်နေလိုက်ပါသည်။
သူ့အလုပ်တွေ မြန်မြန်ပြီးဖို့ လိုနေပြီပင်။

"မောင် မအိပ်သေးဘူးလား"

"ဒါလေးပြီးအောင် လုပ်လိုက်ဦးမယ် ခွန်း
ခွန်း အိပ်ချင်ရင် အိပ်နှင့်နော်"

အလိုမကျသော မျက်နှာလေးဖြင့် ရပ်နေသူက စိတ်အလိုကျပုံမပေါ်

"မောင် မအိပ်ရင် ခွန်းလည်း မအိပ်သေးပါဘူး"

ပြောချင်တာကို ပြော၍ အနောက်မှ ဆိုဖာရှည်ပေါ်တွင် ထိုင်နေသူလေး
သူ့တွင်လည်း ဒီအလုပ်တွေ မနက်ဖြန်မကူးဖို့ အကြောင်းပြချက် လုံလုံလောက်လောက် ရှိသည်မဟုတ်ပါလား။

You had me at helloWhere stories live. Discover now