အခပျြပို - ၂

2.3K 213 10
                                    

Zawgyi version,

*အဟင့်...အီးဟီး*

ဂျောင်ကုတစ်ယောက် ရေချိုးနေစဉ် အရှေ့မှသားလေး၏ ငိုသံကြောင့် ကမန်းကတန်းဆပ်ပြာတိုက်ကာ အမြန်ထွက်လာရ၏။ ထိုချိန် အိပ်ခန်းထဲ၌ သားလေးအားချီကာ ချော့နေသော မင်ကြောင့် အနည်းငယ်စိတ်အေးသွားသယောင်။

*သား ဘာဖြစ်လို့လဲ*

*စောနက ငါအင်္ကျီလဲနေတုန်း သားကကုတင်ပေါ်ကလိမ့်ကျသွားတာ*

*ဟာ မင်ကလည်း သေချာကြည့်လေဗျာ။ သားတော်တော်နာသွားမှာ*

*ငါလည်းသေချာကြည့်နေတာပဲလေ။ မင်းရဲ့သားကိုက အငြိမ်မှမနေတာ*

*အဲ့ဒါဆိုလည်း သားကိုကုတင်ပေါ်မှာမထားပါနဲ့လား။*

*မင်းနဲ့ကုတင်အပေါ်မှာဆော့နေတာလေ။ မင်းထားခဲ့တာလေ*

*ကျစ်...ထားလိုက်တော့။ သားကိုပေး*

*ရော့။ မသိရင် သူ့သားကိုငါကပဲနှိပ်စက်နေတာကျနေတာပဲ*

ဂျောင်ကုလက်ထဲသို့ သားလေးအားထိုးပေးကာ အိတ်ထဲသို့ ပစ္စည်းတွေကောက်ထည့်နေသော မင်ကြောင့် စောနကပြောမိတာတွေကို စိတ်ထဲကမကောင်းခဲ့။ ဒါပေမဲ့လည်း သားကိုမင်နဲ့ထားခဲ့ပြီဆို တစ်ခုမဟုတ်တစ်ခု အမြဲဖြစ်နေကြ။

ဟိုတလောကလည်း သားနဲ့အိမ်မှာ နှစ်ယောက်ထဲနေခဲ့တုန်းက သားကိုပုခတ်ထဲထည့်ထားပီး ပန်းချီဆွဲနေရင်း သားကပုခတ်ထဲမှ ပြုတ်ကျဖူးလေသည်။ အခုလည်း ကုတင်အပေါ်မှပြုတ်ကျပြန်သည်။

ထို့နောက် ဂျောင်ကုပုခုံးအား ရည်ရွယ်ချက်ရှိရှိဝင်တိုက်သွားကာ အပြင်ထွက်သွားသောဂျွန်ဂျီမင်းကြောင့် ခိုးပီးပြုံးမိ၏။

*မင်းရဲ့Mommyက တအားကလေးဆန်တာပဲသားရယ်*

ဖက်ထုတ်လေး၏နှာထိပ်လုံးလုံးလေးအား လက်ညိုးလေးဖြင့်တို့ကာ ပြောတော့သားကနားလည်သယောင် တအဲ့အဲ့ဖြင့်ပြန်ဖြေလေသည်။ မကြာပါ ဂျောင်ကုလည်းကလေးလေးအား ကြမ်းပြင်တွင်ခနချကာ အင်္ကျီလဲရပေသည်။

ဒီနေ့က ဂျွန်မင်ယူရဲ့တစ်နှစ်ပြည့်မွေးနေ့လေးပင်။ ပြီးတော့ "ဂျွန်မင်ယူ" ဆိုသည့်အမည်နာမလေးအား ကင်ပွန်းတပ်ပေးသည့်နေ့လေးဆိုလည်းမမှား။ ထို့ကြောင့် ဂျယ်ဂျူဒိုရှိမိဘမဲ့ဂေဟာလေးသို့သွားကာ ကလေးများအားအလှုလုပ်ရန်စီစဉ်ထားသည်။

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now