Ep-35(Z/U)

2.7K 367 76
                                    

Zawgyi version,

ညိမ့်ညောင်းလှသော တေးသွားတစ်ခုနဲ့အတူ တန်ဖိုးရှိလှသည့် ကျောက်မျက်ရတနာ ပြပွဲတစ်ခုတွင် အထက်တန်းအလွှာဖြစ်သည့် လူအများကြီး၏ မျက်လုံးတို့ဟာ ဂျောင်ဒါရယ် ဝတ်ဆင်ထားသည့် ဘယက်ကိုသာ သဘောကျနေခဲ့ကြ၏.....

မီဒီယာပေါင်းများစွာဟာလည်း slightမီးများနဲ့အတူ ဂျောင်ဒါရယ်အား မမောနိုင်အောင် cameraဖြင့်ရိုက်ကူးနေကြသည်.....

အမတ်လောင်း ဂျောင်ဒါရယ်ကတော့ ထိုပွဲတွင်ဇာတ်လိုက်လို့မပြောရအောင်ကို လှပကျော့ရှင်းကာ လည်တိုင်ကျော့ကျော့လေး၌ အားလုံးလိုချင်တပ်မက်ဖွယ် ဘယက်ဘေးအား ဆွဲကာ အပြုံးချိုချိုလေးဖြင့် ဧည့်သည့်များအား လိုက်နှုတ်ဆက်နေခဲ့သည်....

*သူမလာသေးဘူးလား*

ဧည့်သည်များအားနှုတ်ဆက်နေရင်းမှ အနောကိတွင်ရပ်နေသောအတွင်းရေးမှုးမလေးအား သူမမထိန်းနိုင်စွာခပ်ကြိတ်ကြိတ်လေးမေးမိသည်။

*မလာသေးပါဘူး မမ*

*သူလာမယ်ဆိုပြီး confirmထားတယ်မလား*

*ဟုတ်ကဲ့*

အတွင်းရေးမှုးမလေးနဲ့ စကားပြောပြီးနောက် အောက်နှုတ်ခမ်းလေးအား ခပ်ဖွဖွလေးကိုက်ကာ တစ်စုံတစ်ယောက်အား စောင့်နေသောဂျောင်ဒါရယ်.....

*အမတ်လောင်း ဂျောင်ဒါရယ်ဗျ*

*အော် အမတ်ကင်ဆိုဂျောင်မလားရှင့်*

*ဟုတ်ပါတယ်ဗျာ...ဂုဏ်ယူပါတယ်နော် အသက်ငယ်ငယ်လေးနဲ့ နိုင်ငံရေးလောကမှာ ထိပ်ရောက်အောင်ကြိုးစားတဲ့ရလာဒ်ကို တကယ်ချီးကျူးမိပါတယ်*

*ကျေးဇူးတင်ပါတယ်ရှင် ဒါပေမဲ့ အမတ်ကြီးနဲ့ယှဉ်ရင်တော့ အခုထိအတွေ့အကြုံရော ပညာပါလိုပါသေးတယ်*

*ဟားဟား မြှောက်ပြောနေပါပြီ*

ရှန်ပိန်ခွက်လေးအား ကိုင်ရင်း ရယ်မောကာ စကားလာပြောသော အမတ်ကင်မ်ဆိုဂျောင်အား အလိုက်အထိုက်သာဆက်ဆံပြီး ဂျောင်ဒါရယ်တစ်ယောက် အဝင်အဝတံခါးမကြီးကိုသာ လှည့်ုကြည့်နေမိသည်.....

ထိုချိန် undercutဆံပင်အား လှန်တင်ကာ အနက်ရောင်ချည်သား စစ်စစ်ဖြင့်ချုပ်လုပ်ထားသော လက်ရှည်တီရှပ်အား style pantအနက်ဖြင့်တွဲဝတ်ကာ long coat အညိုရောင်အား အပေါ်မှထပ်ဝတ်ပြီး ခန်းမဆီသို့ မာန်ပါလှသော ခြေလှမ်းများဖြင့် လျှောက်လာသော လူသား.....

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now