Ep-22(Z/U)

2.4K 367 12
                                    

Zawgyi version,

*တီ...တီ...တီ*

စာလုပ်နေရင်း ရုတ်တရက်မြည်လာသော ဖုန်းလေးကြောင့် ဂျီမင်းလည်းကြည့်လိုက်တော့ မသိတဲ့နံပါတ်စိမ်းတခုပင်....

*ဟုတ်ကဲ့ပြောပါ*

*ကိုယ်ပါ*

*ထယ်ယောင်းလား*

*အင်း*

*ဘာကိစ္စရှိလို့လဲ*

*လွမ်းလို့*

*အပိုတွေပြောနေမယ်ဆိုရင် ဖုန်းချလိုက်တော့မယ်*

*တကယ်လွမ်းနေတာပါကွာ.....အပိုမဟုတ်ဘူးဆိုတာ ကိုယ်ဘယ်လိုသက်သေပြရမလဲငယ်ရာ*

ပြင်းရှရှဖြစ်နေသည့် ထယ်ယောင်းရဲ့အသံကြောင့် ဂျီမင်း အောင်နှုတ်ခမ်းလေးအား ခပ်ဖွဖွလေးကိုက်ကာ စည်းချက်မြန်စွာ ခုန်နေသောရင်ခုန်သံကို ထိန်းနေရ၏.....

*ကိုယ် မနက်ဖြန်ကားဂိတ်မှာ ၇နာရီလောက်စောင့်နေမယ်နော် ငယ်နဲ့အတူကျောင်းသွားချင်လို့*

*ဒါပြောမလို့ဖုန်းဆက်လိုက်တာမလား ဖုန်းချလိုက်တော့မယ်*

*အင်းပါ ကိုယ်စောင့်နေမယ်နော် ချစ်တယ်နော်*

*အင်း*

ဖုန်းလိုင်းလေးလည်း ပြတ်တောက်သွားတော့ ဂျီမင်းတစ်ယောက် အကြိမ်ကြိမ်ပြုံးနေမိကာ စာရေးလက်စ စာအုပ်လေးအား ခဲတံဖြင့်လျှောက်ခြစ်နေမိ၏။ ရင်ခုန်တတ်စအရွယ်မှာ ရင်ခုန်ခွင့်ရတာ သိပ်ကိုကြည်နူးဖို့ကောင်းလှသည်။ ထိုချိန်...

*သား ဘာလို့စာအုပ်တွေကိုခြစ်နေတာလဲ*

ဘေးတွင်ထိုင်ကာ မီးပူတိုက်​နေသော ​မေမေ၏သတိစကားကြားတော့မှ ဂျီမင်းလည်းစာအုပ်လေးကိုကြည့်လိုက်တော့ ခဲတံဖြင့် အခြစ်ခံထားရသည်မှာမြင်မကောင်း...

*ဟီး....သား ပုစ္ဆာစဉ်းစားနေရင်း ခြစ်မိသွားတာပါ မေမေ*

*အော်*

*ဒါနဲ့ မေမေ ဒီနေ့ ဂွန်းနူကိုမထိန်းရဘူးလားဟင်*

*အင်း သခင်ကြီးက မနက်ထဲကခေါ်သွားတာ*

*ဟုတ်*

ထို့နောက် ဂျီမင်းလည်းဆက်မမေးတော့ပဲ စာသာလုပ်နေလိုက်သည်....

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UOnde as histórias ganham vida. Descobre agora