Ep-15(Z/U)

2.9K 400 4
                                    

Zawgyi version,

*တောက်..တောက်...တောက်*

မနက်ခင်း သစ်တောက်ငှက်အသံဟာဂျောင်ကုနားထဲတွင်ကြားနေသောကြောင့် လေးပင်နေသောမျက်ဝန်းများကိုဖွင့်ကြည့်လိုက်တော့ ဂျောင်ကုလက်မောင်းကိုခေါင်းအုံးကာ ကွေးကွေးလေးအိပ်နေသော မင်...

ကျဉ်းလှသောအခန်းလေးထဲတွင် စူးရှလှသောနေရောင်ခြည်ဟာ ထိုးဖောက်လာသောကြောင့် ဂျောင်ကုလက်မောင်းပေါ်တွင်အိပ်မောကျနေသော မင်၏အပြစ်ဆိုစရာမရှိသော မျက်နှာပြင်ပေါ်သို့ကျရောက်နေသည်။

ဘယ်လက်တဖက်ကို မင်ကတစ်ညလုံးခေါင်းအုံးလုပ်ထားသောကြောင့် ကျင်နေပါသော်လည်း နှစ်ခြိုက်စွာအိပ်နေသောကြောင့်နိုးသွားမှာစိုးသဖြင့် ​ဂျောင်ကုတချက်လေးတောင်မလှုပ်ပဲ ငြိမ်နေခဲ့၏။

ထိုစဉ် တလှုပ်လှုပ်ဖြင့်အနှီလူသားလေးဟာဂျောင်ကုလက်မောင်းထက်တွင် နိုးထလာလေရဲ့။

*နိုးပီလားမင်*

*အင်း*

သာယာသောမနက်ခင်းလေးဟာ သက်ရှိပန်းချီကားတစ်ချပ်နှင့်တူသည့် မင်နဲ့မှပြည့်စုံသွားသလိုပင်။ သိပ်လှတာပါ။ အပိုအလိုမရှိကျစ်ကျစ်လစ်လစ် ခမ်းခမ်းနားနားနဲ့ကို မင်ဟာအလှသွေးကြွယ်နေသည်။

မကြာပါ ဂျောင်ကုဘေးတွင်အိပ်နေရာမှ ချက်ချင်းထထိုင်လိုက်လေသည်။

*မင်းလက်သက်သာရဲ့လား*

*အင်း..မနေ့ကလောက်မကိုက်တော့ဘူး*

*အင်း ငါတို့ပီးတာနဲ့ ပြန်မယ် ပြင်ဆင်ထားလိုက်*

တစ်ညလုံးအတူအိပ်ခဲ့တာကို မျက်နှာပူနေလို့လားလို့တော့မသိ မင်ဟာဂျောင်ကုအားမျက်လုံးချင်းမဆုံပဲပြောပြီး ထွက်သွားလေသည်။ ဒါဟာလည်းတမျိုးလေးချစ်ဖို့ကောင်းနေပြန်တာ။

ဂျောင်ကုလည်း အိပ်ရာများအမြန်သိမ်းကာ မျက်နှာသစ်သန့်စင်ဖို့ပြင်ရဦးမည်။ တော်ကြာနောက်ကျနေတယ်ဆိုပီး မင်စိတ်ဆိုးသွားမှဖြင့်။

.........

*နိုးလာပီလားလူလေးတို့*

အခန်းထဲနှထွက်လာသော ဂျီမင်းအား အဘိုးဟာအပြုံးချိုချိုလေးဖြင့်ဆီးကြိုနေလေရဲ့။

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now