(Ep-4)Z/U

3.1K 419 13
                                    

Zawgyi Version,

*လီယို​ရော*

*သခင်​​လေးက သူ့အခန်းထဲဝင်​မလာပါနဲ့လို့မှာထားလို့ပါ*

အိမ်တော်ရောက်ရောက်ချင်း ကိုယ်တော်လေးအားလိုက်ရှာမိတော့ သန့်ရှင်းရေးဝန်ထမ်းမလေး၏စကားကြောင့် ဂျီမင်းလည်း အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။

သူသိတာ​ပေါ့ ဒီက​လေး ​တော့ပိုကီနဲ့ငါးအူ​ချောင်းမစားလိုက်​ရလို့ စိတ်​​ကောက်​​နေတယ်​ဆိုတာ။ အခန်းအရှေ့ရောက်တာနဲ့ တံခါးခေါက်လိုက်တော့ အထဲမှဘာအသံမှမလာခဲ့။

*​ဒေါက်​...​ဒေါက်​...​ဒေါက်​*

*....*

*Appa၀င်​လာမယ်​​နော်​ လီယို*

*....*

ဂျီမင်းလည်း အခန်းထဲကပြန်ဖြေသံမကြားတော့ တံခါးဖွင့်ကာဝင်သွားလိုက်သည်။ ထိုချိန်ကုတင်ထက်တွင် စောင်အားတစ်ကိုယ်လုံး ခြုံကာလှဲနေသော ကလေးငယ်ကြောင့် တချက်ပြုံးမိ၏။

*လီယို*

*...*

*သားဒီလို​ဆက်​လုပ်​​နေရင်​ Appaစိတ်​ဆိုးမိမယ်​​နော်​*

*....*

အရင်​ဆို ဂျီမင်းဘက်မှနည်းနည်းလေး စိတ်​ဆိုးပြလိုက်​တာနဲ့ မ​နေနိုင်​တဲ့က​လေးက အခု သူ့ကိုလုံးဝစကားပြန်​မ​ပြော​ချေ။

ထို့​ကြောင့်​ လီယိုခြုံထား​သော ​စောင်​ကိုဆွဲလှန်​လိုက်​​တော့ ​စောင်​​အောက်​တွင်​ တစ်​ကိုယ်​လုံး​ချွေးများရွှဲနစ်​ကာ နှုတ်​ခမ်းသားများလည်း ​သွေး​ရောင်​မရှိ​တော့ပဲ ဖြူဖတ်​​နေပီး သတိ​မေ့​နေ​သော လီယိုကိုမြင်​လိုက်​ရ​သော​ကြောင့်​ သူလည်းအိတ်​ကပ်​ထဲက ဖုန်းကိုထုတ်​ကာ Kကိုလှမ်း​ခေါ်လိုက်​သည်​။

*K လီယိုသတိ​မေ့​နေလို့ ခနလာခဲ့*

ဂျီမင်းခေါ်လိုက်​ပီးမကြာပါ ဝန်ထမ်းတွေ​ရော Kပါ​ရောက်​လာခဲ့သည်။

*သခင်​*

*လီယို ဘာဖြစ်​တာလဲမသိဘူး အခုချက်​ချင်းဆရာဝန်​​ခေါ်လိုက်​*

*​ကောင်းပါပီ*

အ​နောက်​တွင်​ ​ခြေမကိုင်​မိလက်​မကိုင်​မိဖြစ်​​နေကြ​သော အ​စေခံမ​လေး​တွေက​တော့ သတိ​မေ့​နေ​သော လီယို၏ဆံပင်​အား တည်​ငြိမ်​စွာ သပ်​တင်​​ပေး​နေ​သည့် သခင်​​ကြောင့်​ အလွန်​ပင်​အံသြမိပါရဲ့။ သားတစ်ယောက်လုံး နေမကောင်းဖြစ်နေတာတောင်မျက်နှာတွင် စိုးရိမ်စိတ်အရိပ်ယောင်မရှိခဲ့။သခင်​ဟာ အရမ်းကို ​သွေး​အေးလွန်းပါသည်​...

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now