Ep-12(Z/U)

2.8K 411 6
                                    

Zawgyi version,

*စီနီယာဆောင်ဟွန်း ကျွန်တော် အိမ်မှာအထုတ်လေးတွေသွားယူဦးမယ်ဗျာ*

*အေးအေး ဒါနဲ့မင်းက ဘယ်မှာနေတာလဲ*

*ကျွန်တော်က အဆောင်မှာနေတာ*

*အေးအေး ဖြေးဖြေးသွားဦး*

*ဟုတ်ကဲ့*

ထို့နောက် ဟန်အိမ်တော်မှထွက်လာကာ အိမ်သို့ပြန်ပီးအထုတ်တွေဝင်ယူရဦးမည်။ အင်း အချိန်တခုအထိတော့ ဟန်အိမ်တော်ကလူတွေကို အဆောင်မှာနေတယ်လို့ပဲမုသားဆိုထားရမည်မလား။

မကြာပါ ဘတ်စ်ကားဂိတ်သို့ရောက်လာ၏....အိမ်သို့ရောက်မည့်ကားအားစီးရန်စောင့်နေတုန်း...

*တီ...တီ..တီ*

*ယောင်းHyung ဖုန်းတွေဘာတွေဆက်လို့ပါလား*

*ဟဟ အေးကွာ Hyungရဲ့တစ်ဦးထဲသောညီလေးကိုသတိရလို့*

*ဒီနေ့ နေအနောက်ကများထွက်လာလားမသိဘူးHyung*

*ဟားဟား ဒီကောင်တော့ အကို့ကိုဆို စမယ်ဆိုတာပဲ*

*ဟီး....ဒါနဲ့ဘာဖြစ်လို့ဖုန်းဆက်တာလဲ*

*မင်း အခုFBIမှာလား*

*မဟုတ်ဘူးလမ်းမှာ*

*အတော်ပဲ အဲ့ဒါဆိုရင် အချိန်ရလား*

*ရတယ်Hyung*

*Hyungဆီခနဝင်ခဲ့ကွာ ဒါဆို*

*ကောင်းပါပီ အဲ့ဒါဆို ကျွန်တော်နောက်တစ်နာရီလောက်နေရင်ရောက်မယ်*

*အေးအေး ဒါပဲနော်*

*ဟုတ်ကဲ့*

Hyungနဲ့ဖုန်းပြောပီးမကြာပါ ဘတ်စ်ကားလည်းရောက်လာသဖြင့် ဘတ်စ်ကားပေါ်တက်ရင်း အိမ်သို့။

.....................

*ဟဲ့တော် အကိုလေးခုတလော အလုပ်တွေများတယ်ထင်တယ် မတွေ့တာကြာပြီ*

အိမ်ထဲရောက်ရောက်ချင်း အိမ်အကူအဒေါ်ကြီး၏ ဆီးကြိုမှုကြောင့် ဂျောင်ကုလည်း ပြန်နှုတ်ဆက်လိုက်သည်။

*ဟုတ်တယိ ဒီရက်ပိုင်းအိမ်ပြန်လာဖြစ်မှာမဟုတ်ဘူးအဒေါ်ကြီးရဲ့ အဲ့ဒါကြောင့် အင်္ကျီနည်းနည်းလာယူတာ*

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UDonde viven las historias. Descúbrelo ahora