Intro 🐱🐾 (Ohm's Pov)

1.3K 65 25
                                    

"Ohm Pawat Chittsawangdee !!!"

ကျောင်းစည်းကမ်းထိန်းသိမ်း‌ရေးတာ၀န်ခံဖြစ်သူ
ဆရာJeamက နာမည်စာရင်းစာအုပ်ကိုကြည့်ပြီး
Ohmရဲ့ နာမည်တစ်ခုတည်းကိုသာ ‌
ဒေါသတကြီးရေရွတ်လိုက်သည်။

သာမန်ကျောင်းသားတွေသာဆို လန့်ဖျတ်နေမည်
ဖြစ်သော်လည်း Ohm Pawatကမူ ပြုံးဖြဲဖြဲဲ နဲ့သာ
ပြန်ထူးသည်။

"Kurb"

"ဘာ Kurb လဲကွ..."

"ဆရာပဲ ခုလေးတင်ကျွန်တော့်‌နာမည်ခေါ်လိုက်လို့လေ"

"ဟေ့ကောင် မင်းမရွဲ့နဲ့...ငါ‌‌မင်းကိုခေါ်တာမဟုတ်ဘူး ရန်ဖြစ်တဲ့ကျောင်းသားစာရင်းထဲမှာ အကြိမ်ရေအများဆုံးနာမည်ကိုဖတ်ပြနေတာ"

"ဟား ဟား ဟား"

ဒီရယ်သံတွေက ဘယ်ကမှလာတာမဟုတ်ဘူး...
စည်းကမ်းထိန်းသိမ်း‌ရေးရုံးခန်းထဲ
Ohmအတူရောက်နေကြတဲ့ ချစ်လှစွာသော
သူငယ်ချင်းနှစ်ယောက်ဆီကသာဖြစ်တယ်။
ဒီနှစ်ကောင်က ohmကိုလှောင်ပြောင်သလိုလိုနဲ့
အကျယ်ကြီးထရယ်နေကြတယ်လေ။

Ohmက သူတို့ကိုလက်သီးနဲ့ရွယ်လိုက်ရင်း

"ဟေ့ကောင်တွေဘာရယ်တာလဲ...ငါလုပ်တာခံချင်နေကြတာလား"လို့ ခြိမ်းခြောက်တော့မှ ရယ်သံနည်းနည်းတိုးသွားကြပေမယ့် မျက်နှာတွေကတော့
ပြောင်ချော်ချော်လုပ်နေကြတုန်းပဲ။

သူတို့နှစ်ယောက်ထဲကတစ်ယောက်က
Mark လို့ခေါ်တယ်...
သူက ဆံပင်ခပ်ကောက်ကောက်နဲ့ဖြစ်ပြီး
စိတ်ရှုပ်ရင် သူ့ဆံပင်တွေကိုဆွဲဖွနေတတ်လို့
ခေါင်းကအမြဲတမ်းပွပွနဲ့ပေါ့။

နောက်တစ်ယောက်က Drakeတဲ့...
သူကတော့ အမြဲပရွတ်ရွှတ်တတ်တွေပြောပြီး
စနောက်နေရတာကြိုက်တဲ့သူ။
အဝေးကနေကြည့်ရင် သူ့ရဲ့ထူထဲလှတဲ့မျက်ခုံးမွှေးတွေကြောင့် သူဆိုတာတန်းသိနိုင်တယ်။

သူတို့နှစ်ယောက်နဲ့Ohmက
မူလတန်းကတည်းကပေါင်းလာကြတာဖြစ်ပြီး
အခုအချိန်မှာတော့ ဆိုးဖော်ဆိုးဖက်တွေပေါ့။

"ဟိုနှစ်ကောင်ရယ်မနေကြနဲ့ မင်းတို့နှစ်ယောက်လည်းပါတယ်"

ဆရာJeamက လှမ်းဆူလိုက်မှ Markနဲ့ Drake က
မျက်နှာပိုးချက်ချင်းသတ်ပြီး
ရယ်နေတဲ့ပါးစပ်တွေကိုလက်နဲ့ပိတ်ထားလိုက်ကြသည်။

𝙈𝙮 𝘿𝙚𝙖𝙧 𝙈𝙚𝙤𝙬 𝙈𝙚𝙤𝙬 🐱🐾Where stories live. Discover now