အစကတည်းက....

10.8K 420 198
                                    


နေ့လည်ခင်း လေးဟာ ငြိမ်သက်တိတ်ဆိတ်လျက်ရှိပြီး

နှစ်ယောက်စလုံးဟာရှေ့တည့်တည့်မှာရှိတဲ့ကော်ဖီခွက်ကိုသာငေးကြည့်နေခဲ့သည်။

" မနက်စာစားမဲ့အချိန်တွေတိုင်း
မင်းသူ့ကိုလွမ်းနေဦးမှာပဲ
မင်းစိတ်ထဲကဒဏ်ရာငါသိတယ်"

ထွန်းလူစကားကြောင့် မျက်ရည်တွေဝေ့ဝဲနေသော မြပွင့်သည် ခွီးခနဲထရယ်မိတော့သည်။

" ဘာလို့ရယ်တာလဲ"

" ရှင်ဟာလေအရမ်းရယ်ရတာပဲ
Wanted ရဲ့အခုလောလောဆယ်သီချင်းကစာသားကြီးကိုခပ်တည်တည်နဲ့လူရှေ့လာပြောနေတာကို"

မြပွင့်သည် feel နေတာတောင်ကောင်းကောင်းမ feel ရ
ထိုလူကြီးကြောင့်တဟီးဟီးထရယ်မိပြီးသွားတော့သည်။

ခုနကထိ ခါးနဲ့မေနှင်းဆီအကြောင်းကြားကာငိုနေသောကလေးမသည် ချက်ချင်းထရယ်နေတာမို့ထွန်းလူသည်ငေးချင်တိုင်းငေးနေမိတော့သည်။

သူကလည်းသူ့လောက်ပင်
ထိုမျှလောက် ဖလန်းဖလန်းထနေသောခေတ်သမီးပျိုရှေ့တွင် မကြာခဏအူကြောင်ကြောင်အဖြစ်အပျက်တွေဖြစ်ဖြစ်သွားတက်သည်။

ဘာပဲနေနေသူကျေနပ်ပါသည်
ကြက်တူရွေးလေး​၏အပြုံးသည်
မိုးရွာပြီးကာစကောင်းကင်​ပြာ၏အလှတရားနဲ့တူနေသလိုပင်

" ကျွန်မဘာမှမဖြစ်ပါဘူး
ကျွန်မနဲ့အကိုက နာရီပိုင်းလောက်ပဲရည်းစားဖြစ်ပြီး
ပြတ်သွားရုံပဲ သံယောဇဉ်လည်းသိပ်မရှိပါဘူး

ဒါပေမဲ့စဉ်းစားနေတာ
ကျွန်မ ကောင်မလေးတွေနဲ့လည်းတွဲဖူးတယ် ကောင်လေးတွေနဲ့လည်းတွဲဖူးတယ် အချိန်တန်ပြတ်သွားကြတာပဲ ကျွန်မကဘာလိုအပ်ချက်ရှိနေလို့လဲမသိဘူးနော်"

ပြောရင်းပြောရယ်လည်းရယ်ဆိုပေမဲ့နာကျင်ဆို့နင့်နေတဲ့ မျက်ဝန်းတွေဟာဖုံးဖိမရပင်

ထွန်းလူသည်လည်းရင်နဲ့အပြည့် စကားလုံးတွေရှိသော်လည်းအပြင်ထွက်လာရင်ဂဂျိုးဂဂျောင်ဖြစ်ဖြစ်နေတက်တာမို့ စကားလုံးကိုအသည်းအသန်ရွေးချယ်နေခဲ့သည်။

မောင့်ရင်ထဲမှာနေမလား Where stories live. Discover now