သူပြုံးတာမြင်ဖူးလား

13.7K 481 141
                                    


" ကျွန်တော်တို့ အပေးအယူလုပ်တဲ့ကိစ္စတွေမှာ
ဟိုကောင်တော်တော်ရှုပ်နေတာများပြီ"

ထွန်းလူသည် ခါး ရဲ့ ပတ်တီးကို ဖြေကာဆေးထည့်ပေးနေရင်းပင်ခပ်တိုးတိုးဆိုသည်။

ဆစ်ခနဲနာလာသလိုခံစားလိုက်ရတဲ့ဒဏ်ရာကြောင့်ခါးတစ်ယောက်မျက်လုံးတွေခပ်မြန်မြန်ပိတ်လိုက်ရသည်။

" ဆရာခါးသူ့ကိုဘာလို့အခုထိမရှင်းသေးတာလဲ
သူကဒုက္ခပေးမဲ့ကောင်နော်"

ဘယ်သူ့ကိုရည်ရွယ်ပြောနေမှန်းလည်းသူကောင်းကောင်းသိပါသည်။

သို့ပေမဲ့လောကမှာဆွေမျိုးဆိုလို့ ထိုလူတစ်ယောက်တည်းသာရှိတော့တာမို့ ခါးသည် သိသိရက်နဲ့ မသိချင်ယောင်ဆောင်ထားရခြင်းပင်ဖြစ်သည်။

လွန်ခဲ့တဲ့ ၈ နှစ်.......

" သူကကျွန်မသားမဟုတ်ဘူး
ခဏခဏရှင့်နားလာနေတာကျွန်မကကျိတ်မှိတ်ပြီးကြည်ဖြူနေရမှာလား"

ခါးသည် အိမ်အဝမှာကြားလိုက်ရတဲ့စကားကြောင့် တံခါးဝမှာတင် ခြေစုံရပ်နေမိသည်။

" သူကလည်းကလေးလေကွာ
မင်းနည်းနည်းပါးပါးနားလည်ပေးလို့မရဘူးလား"

ခါး​၏အဖေ ဦးခွန်မြတ်မောင်သည်
ဘိန်းဘုရင်ဟု လင်းခေးတစ်ဝိုက်မှာထင်ရှားသူဖြစ်သည်

ခါးသည်လည်း တောင်ကြောတွေကြားထဲမှာအဖေစိုက်ခဲ့တဲ့ ခရမ်းရောင် ပန်းရောင်ပွင့်နေသော ဘိန်းပန်းတွေကြားကြီးပြင်းလာသူတစ်ယောက်ဖြစ်သည်

သို့ပေမဲ့ ခါးသည် အဖေကိုအဖေဟုတစ်ခါမှရဲရဲပင်မခေါ်ဖူးပါ...

အဖေသည် အိမ်ထောင်အတည်တကျရှိနေပြီးမှ
ခါး​၏အမေနှင့်တိတ်တဆိတ်ဖောက်ပြန်ခဲ့တာဖြစ်သည်။

ခါး​၏အမေသည် ဘိန်းမည်းတွေခြစ်တဲ့ အလုပ်သမားဖြစ်သည်။

​ခါး​၏အမေသည် မွေးမွေးပြီးချင်းဆုံးသွားသည်ဟုကြားပေမဲ့ အမေ့သေဆုံးခြင်းအတွက် တစ်စုံတစ်ယောက်မှာပယောဂမကင်းမှန်း ခါးကောင်းကောင်းရိပ်မိသည်။

မောင့်ရင်ထဲမှာနေမလား Nơi câu chuyện tồn tại. Hãy khám phá bây giờ