ခါး

49K 643 74
                                    


" ဖြာခနဲ" ပန်းထွက်လာတဲ့သွေးတွေ......
မြေပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွားတဲ့ လူတစ်ယောက်

သေနတ်ပြောင်းကို စင်လာတဲ့သွေးစသွေးနတွေကိုအဝတ်နဲ့ သွေးအေးစွာ သုတ်နေတဲ့ ထိုလူရွယ်သည်
သွေးအိုင်ထဲမှာလဲနေသောလူအား တက်နင်းကာကျော်ခွသွားသည်။

ထို့နောက် Cigarette တစ်လိပ်ကိုခဲရင်း အေးရာအေးကြောင်းပုံစံဖြင့်ထိုင်ချရင်း ဆေးလိပ်မီးညှိနေခဲ့သည်။

သွေးအိုင်ထဲမှာလဲနေသောသူသည်
တဆက်ဆက်တုန်ယင်နေသောလက်နဲ့ အတူ ထိုင်ခုံမှာထိုင်နေသော ထိုအမျိုးသားကို တောင်းပန်နေခဲ့သည်

" ကျွန်... တော့်ကို မသတ်ပါနဲ့ အကိုလေး ..."

ဖျော့တော့တုန်ယင်စွာ တောင်းပန်နေပေမဲ့
ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်နေသော အမျိုးသားသည်
မဲ့ ပြုံးပြုံးကာ လူတစ်ယောက်ရဲ့နာကျင်မှုကိုအာသာဖြေကာကြည့်နေခဲ့သည်

" သားကြီးကိုခေါ်ခဲ့ "

ခပ်ပြတ်ပြတ်အမိန့်ပေးသံအဆုံး 
ဘေးနားကဝန်းရံနေသောတပည့်တပန်းတွေကပါ
ခပ်ရှဲရှဲ ချဲသွားတော့သည်။

" ဟုတ်... ဟုတ်ကဲ့"

သားကြီးဆိုတာလူတစ်ယောက်မဟုတ်
ခါး မွေးထားသည့် ကျား ဝါကြီးတစ်ကောင်ဖြစ်သည်။

ခါးသည်အပြစ်ပေးရင်ရိုးရိုးမပေးတက်ပါ....
ကျားစာကျွေးပြီးအပြစ်ပေးတက်သည်

ခါး​သည်လူတစ်ချို့အတွက်ကြောက်မက်ဖွယ်ရာအိပ်မက်ဆိုးတစ်ခုလိုပင်

လှောင်အိမ်က သံချောင်းအချင်းချင်းပွတ်တိုက်လိုက်တဲ့ သံချောင်းတွေရဲ့အသံ
ထို့နောက် ဟိန်းဟောက်သံတစ်ခု

လူတွေအားလုံးရဲ့မသိစိတ်မှာ ကြောက်ရွံ့တုန်လှုပ်စပြုနေပေမဲ့ခါးကတော့ သွေးအေးအေးသာ

ကုလားထိုင်လက်ရန်းတွေကို သူလက်ချောင်းရှည်ရှည်တွေနဲ့ အသံခပ်ကျယ်ကျယ်ထွက်သည်ထိခေါက်နေခဲ့သည်။

ထို့နောက် လျှပ်တစ်ပြက်အတွင်း အဝါရောင်အစင်းကျားနဲ့ ကြီးမားလွန်းသော သားရဲတိရိစ္ဆာန်ကြီးသည်
ဝုန်းခနဲသွေးသံရဲရဲလူအပေါ်ခုန်အုပ်လိုက်တော့သည်။

မောင့်ရင်ထဲမှာနေမလား Kde žijí příběhy. Začni objevovat