တိမ်မပြာသောတနင်္ဂနွေ

11.1K 368 219
                                    

ဒီနေ့ကတနင်္ဂနွေ

သို့ပေမဲ့ တိမ်မပြာ နေမသာခဲ့

ဖျောက်တောက်ဖျောက်တောက်ရွာနေတဲ့မိုးတွေကြား

အလှဆင်ထားတဲ့နှင်းဆီပန်းဖြူဖြူတွေဟာအတုံးအရုံးလဲပြိုလျက်.....

ဖန်ခွက်အပိုင်းအစတွေဟာချောင်းလိုစီးနေတဲ့ သွေးတွေကြားထိုးထိုးထောင်ထောင်ကြေမွပျက်စီးနေခဲ့သည်။

ငြိမ်သက်ကာသေဆုံးနေသော ၉ ပေလောက်ရှိတဲ့ ကျားဝါကြီးတစ်ကောင်...

ငြိမ်သက်ကာ တိတ်ဆိတ်နေတဲ့ လူတချို့

ထိုကျားဝါကြီးရှေ့မှာ အရာရာဆုံးရှုံးသွားသလို ဒူးထောက်ထိုင်နေသောလူတစ်ယောက်

သူမရည်ရွယ်တာ မင်္ဂလာဆောင်ပျက်ဖို့ဆိုပေမဲ့
ခါးအချစ်ဆုံးသတ္တဝါကြီးပါသေပွဲဝင်သွားတာမို့ မေနှင်းဆီပိုပြီးကျေနပ်မိသည်

ဒီမကောင်းဆိုးဝါးကြောင့် ကြွေလွင့်ခဲ့ရတဲ့ ဝိညာဉ်တွေဘယ်လောက်များလိုက်မလဲ

ရှင့်မျက်ရည်တွေကြည့်ရတာသဘောကျလိုက်တာခါးရယ်
ရင်တွေကွဲအက်ပြီးငိုချလိုက်

ရှင်တောင် သတ္တဝါတစ်ကောင်သေတာ ကမ္ဘာပျက်နေတာ
ကျွန်မလို အဖေရောအကိုရောဆုံးရှုံးရတဲ့သူဆိုရင်ဘယ်လောက်နာကျင်မလဲရှင်တွေးကြည့်ဖူးလား

ခါး​၏ လည်ကတုံးအဖြူသည်
ကျားသွေးတွေစွန်းထင်းကာ
အနီရောင်ပြောင်းသွားသလိုပင်

မေနှင်းဆီသည်မြင်ကွင်းကို ကြည့်ရင်းအရသာရှိစွာပြုံးနေခဲ့သည်။

ကျွန်မမမှားဘူးခါးရဲ့
ကျွန်မမှားဘူး
ဒါတွေကရှင်နဲ့ထိုက်တန်တယ်

လွန်ခဲ့သော နာရီ

" လှလိုက်တာ သတို့သမီးလေးက"

မိတ်ကပ်ဆရာကိုတောထဲတောင်ထဲထိရအောင်ခေါ်ချလာသောခါးကို မေနှင်းဆီတကယ်လက်ဖျားခါမိသည်။

အပြင်ကိုလှမ်းကြည့်လိုက်တော့ နှင်းဆီဖြူဖြူတွေနဲ့ပန်းအလှဆင်တဲ့အဖွဲ့လည်းခေါ်ထားသေး​၏။

မောင့်ရင်ထဲမှာနေမလား Where stories live. Discover now