" အခုတစ်လော ဆင်စွယ်ဖြတ်တာတွေ
တော်တော်ဆိုးလာတယ်"ကိုသီဟသည် ခပ်လှမ်းလှမ်းမှာလဲလျောင်းသေဆုံးနေသောဆင်သေကောင်ကြီးကိုမြင်တော့ ဂျစ်ကားကို အရှိန်လျော့ကာရပ်လိုက်သည်။
သူတို့ရပ်လိုက်သော မြေနီလမ်းလေးသည်
ရွာနဲ့ မလှမ်းမကမ်းဖြစ်တာမို့
ဒီနေရာထိအတင့်ရဲကာ ဆင်စွယ်ကိုဖြတ်ရဲလာသည့်မှောင်ခိုသမားတွေကိုမေဖြူလက်ဖျားခါမိပါသည်။ကားရပ်လိုက်သောနေရာအနားတွင်မြက်ပင်ရှည်ရှည်တွေရှိနေတာမို့ ကားပေါ်မှဆင်းလာသောမေဖြူအား ကိုသီဟသည် လက်ကမ်းရင်းကြိုသည်။
လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သလို Senior လည်းဖြစ်သူ ကိုသီဟသည် မေဖြူ့အပေါ် ချစ်ရေးဆိုထားသူဖြစ်သည်။
ကိုသီဟသည်အလုပ်ကိုင်အတည်တကျ
လူကြီးလူကောင်းပီသတဲ့ပုံစံဆိုပေမဲ့
မေဖြူ့ရဲ့ရင်ခုန်သံသည်သူနဲ့ရှိနေချိန်ခပ်တိုးတိုးပင်မကြားရပါကိုသီဟသည်ဆင်ကို ပတ်ချာလည်မှ ဓာတ်ပုံတွေလှည့်ရိုက်နေခဲ့ပေမဲ့
မေဖြူကတော့ မျက်ရည်လေးအဝိုင်းသားနှင့်
ယင်တလောင်းလောင်းဖြစ်နေသော ဆင်သေကောင်အား ရပ်ကြည့်နေမိသည်။ကြောက်လွန်းလို့ ရွံလွန်းလို့တော့မဟုတ် သေသွားတဲ့ဆင်ကိုကြည့်ရင်းသနားလွန်းလို့ ငိုမိတာဖြစ်သည်။
ဆင်သေကိုကြည့်ရင်း ဖျက်ခနဲအတွေးထဲကိုရောက်လိုက်သောတစ်စုံတစ်ယောက်ရဲ့မဲ့ပြုံးတွေမို့မေဖြူသည်မျက်လုံးတွေမှိတ်ပစ်လိုက်ရသည်။
မျက်ခုံးနက်နက်အောက်က မျက်နက်ဝန်းတွေဟာစူးစိုက်နေတက်ပြီးမဟူရာချောက်လိုအဖြေရှာမရသလိုပင်
ဒါ့အပြင်
သူပြုံးရင်လည်းကျောချမ်းစရာကောင်း၏။ဒင်းတို့လိုလူ့လောဘတွေကြောင့်ဒီလိုဖြစ်ရပ်မျိုးတွေဖြစ်နေတာ
" ကိုသီဟ ဒါနဲ့ ခါးဆိုတဲ့တစ်ယောက်ကိုသိလား"
မေဖြူ့အမေးကြောင့် ကင်မရာကိုချိန်နေသော ကိုသီဟ၏ ပုခုံးတို့သည်တွန့်ခနဲဖြစ်သွားတော့သည်။
YOU ARE READING
မောင့်ရင်ထဲမှာနေမလား
Adventureအတ္တကြီးတယ်ပဲပြောပြောပါ ငါနဲ့စခဲ့တဲ့ဇာတ်လမ်းမို့ ငါနဲ့ပဲအဆုံးသတ်ခွင့်ပြုမယ် ဒါကိုမှမင်းကစောဒကတက်ပြီး ငါနဲ့အဆုံးမသတ်ချင်ရင်တော့ မင်းကိုပါအဆုံးစီရင်ပေးမယ် တဇွတ်ထိုးတဇောက်ကန်း တောရိုင်းတိရိစ္ဆာန်နဲ့ သစ်မှောင်ခိုလုပ်နေတဲ့ ခါးတစ်ယောက် နူးညံ့သိမ်မွေ့လွန်...