Chapter 200 to 202

Start from the beginning
                                    

" အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့ " လုရှောင်ယန်ဟာ ပုံမှန်အသံဖြင့်သာ ပြန်ဖြေလိုက်တော့တယ်...
~~~~~~~~~~~~~~~~~~~~~
တစ်ချိန်တည်းမှာပဲ... မိန့်ကျဲသည် လုကော်ပိုရေးရှင်းနှင့် စာချုပ်ချုပ်လိုက်နိုင်ခဲ့ပြီဖြစ်လေသည်...

ရှင်ချင်းရင်သည် မိန့်ကျဲနှင့် ပြုံးရွှင်စွာ လက်ဆွဲနှုတ်ဆက်လိုက်ရင်း " မစ္စမိန့်... ကျွန်မတို့ကုမ္မဏီကို ယုံကြည်ပြီး စာချုပ်ချုပ်ခဲ့တဲ့အတွက် ကျေးဇူးပါရှင်... ကျွန်မတို့ကော်ပိုရေးရှင်းက နှစ်ဖက်လုံးအတွက် အကျိုးရှိစေမှာပါ... "

ထိုအခါ မိန့်ကျဲသည် ပြန်လည်ပြုံးပြလိုက်ပြီး " ဟိုလေ... အခု ဒီမှာ မစ္စလုရှိလားဟင်... ဒီနေ့ ကျွန်မကို လုကော်ပိုရေးရှင်းမှာ သူနဲ့  လာတွေ့ဖို့ ပြောထားလို့ပါ... "

" ဟုတ်ကဲ့ မစ္စလုက အစောကြီးတည်းက ရောက်နေတာပါ...  ကျွန်မ သွားပြောပေးပါ့မယ်နော်... "

မိန့်ကျဲသည် ခေါင်းညိမ့်ပြလိုက်ပြီး " ကျေးဇူးပါ..."

" ရပါတယ်ရှင် " ရှင်ချင်းရင်သည် အပြုံးလေးဖြင့်သာ အစည်းအဝေးခန်းထဲမှ ထွက်သွားချေ၏...

မစ္စမိန့်ရဲ့စိတ်နေသဘောထားဟာ မစ္စရီ(ရီချင်း)ထက် အများကြီးပိုသာပေတယ်... ဖျော်ဖြေရေးလောကမှအတွင်းအကြောင်းအရာတို့ကို သိသောရှင်ချင်းရင်ဟာ ရီကျန်းရွေးချယ်ထားသောကြော်ငြာမင်းသမီးသည် အရင်က လုကော်ပိုရေးရှင်းနှင့် တွဲခဲ့သူတွေထက် ပိုသာသည်ဟု ဝန်ခံမိပေသည်... ချင်းရင်သည် မိန့်ကျဲ၏အတိတ်နှင့် ပတ်သက်ပြီး သေချာနားလည်ထားသူပင်... မိန့်ကျဲဟာ တစ်စုံတစ်ယောက်ကို ငြင်းခဲ့တာကြောင့် လေးနှစ်နီးပါး နာမည်ပျက်စာရင်းအသွင်းခံခဲ့ရခြင်းဖြစ်သည်ကိုပေါ့...

ချင်းရင်ဟာ မစ္စလုသည် မိန့်ကျဲနှင့် ဘာကိစ္စတွေများ ဆွေးနွေးကြမည်ကို သိချင်နေမိသည်ကတော့ အမှန်ပင်...

ထိုစဉ်တွင် ၃၃လွှာမှ ရုံးခန်းတစ်ခုထဲ၌ ရီကျန်းသည် ပျင်းရိစွာ လဲလျောင်းလို့နေရင်း သူမ လက်ချောင်းကြားထဲတွင် ဘောပင်တစ်ချောင်းကို ညှပ်ထားလေတယ်... သူမဟာ မှတ်စုစာအုပ်တစ်ခုကိုလည်း စူးစူးစိုက်စိုက်ကြည်နေခဲ့သေး၏...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now