part-19(U+Z)

1.6K 42 7
                                    

(Unicode)

"ဆရာ ဘာအလုပ်ရှိလို့
ခေါ်တာလည်းဗျ"

"လူတစ်ယောက်ကို ရှင်းစရာရှိတယ်"

"ဟုတ် ဘယ်သူလည်းသာ
ပြောပါ ကျွန်တော်တို့ ရှင်းလိုက်မယ်ဗျ"

"ဒီဓာတ်ပုံထဲက ကောင်ပဲ
ဒါက သူ့ရဲ့ အနေ့တာ အစီအစဥ်ပဲ
မင်းတို့ ဘယ်ချိန်အဆင်ပြေလည်း
ပြေတဲ့အချိန် သတ်လိုက်
ဒါပင်မဲ့ ဒီနေ့အတွင်းပဲ"

"ဟုတ် ဆရာ
အဲ့ဒါဆို ကျွန်တော်တို့
သွားလိုက်ပါအုန်းမယ်"

အဲ့အိမ်ထဲမှာပဲ ရှိနေတဲ့
လူတစ်ယောက်ကတော့
သူ့အဖေရဲ့ လုပ်ရက်တွေကို
စိတ်ပျက်လာခဲ့ပြီ။
......................................
ရုံးကို ထွက်လာခဲ့တဲ့ မင်းသန့်ကတော့
ကားထဲမှာ သီချင်းဖွင့်ပြီး
ခံစားချက်အပြည့်နဲ့ အော်ဆိုနေခဲ့တယ်။

🎼​​ေပျာ်ချင်တိုင်းလည်း မပျော်ရပါ
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ....
မသိသေးတဲ့ ဒီလောကရဲ့အထာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ....

အပြုံးနဲ့ယှဥ်တွဲ နွဲခဲ့ဖူးတာလည်း အခါခါ
နောက်ဆုံးတော့ အငိုသာ ကျန်မြဲပါ...
ကိုယ့်အတွက်မှာတော့ အချစ်ဆိုတာဟာလေ
ထာဝစဥ် ပေးဆပ်ရခြင်းပါ...
ယုံကြည်လွန်းတဲ့ ဒီအချစ်မှာ
ဘဝတစ်ခုကို ရင်းနှီး မီးနဲ့ရေနဲ့ ကစားလာ...
အနိုင်အရှုံးတော့ ကိုလည်းမသိသေးပါ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ...🎼

သီချင်းသံက ကျယ်နေတာကြောင့်
ဘေးခုံမှာ vibrate ဖြစ်နေတဲ့
သူ့ဖုန်းသံကို သူမကြားမိခဲ့ပါ။
သီချင်းပြီးသွားပြီး နောက်တစ်ပုဒ်အတွက်
ခဏငြိမ်သက်သွားချိန်မှာတော့
သူတုန်ခါမှုကို သတိထားမိ၍
ဖုန်းကို ကောက်ကိုင်လိုက်တော့
ကိုကျော်ဇောဟိန်း။

"Hello ကိုကြီး"

"မင်း အခုဘယ်မှာလည်း"

"ဗျာ ကိုကြီး ကျွန်တော်ဘာမှမကြာဘူး
ခဏလေး သီချင်းပိတ်လိုက်ဦးမယ်"

"မင်း အခုဘယ်မှာလည်းလို့...."
သီချင်းပိတ်လိုက်တာကြောင့်
ကိုကျော်ဇောရဲ့ အသံက
ဟိန်းထွက်သွားခဲ့တယ်။

အမုန်းလွန်၍...(Completed)(U+Z)Where stories live. Discover now