part-6(U+Z)

1.5K 64 7
                                    

(Unicode)

မနက်ဖြန်ဆို အန်တီနီလာတ်ို
အိမ်ရောက်တာ နှစ်ပတ်ပြည့်ပါပြီ။
ရဲမာန်လေးက အရမ်းလည်း လိမ္မာပြီး
ကျွန်တော့နားမှာ သံလိုက်လေးလို
ကပ်နေတော့တာပါပဲ။
အန်တီ နီလာကို ဒီနေ့တော့ အမေလို့
ခေါ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
အဖေကတော့ ထုံးစံအတိုင်း
ပျော်ပျော်နေပြီး အကောင်းဆုံး
ပြုံးပြနေတတ်သူကြီးပါ။
ဒီနေ့တော့ တနင်္ဂနွေနေ့ ဖြစ်တာကြောင့်
အပြင်သွားဖို့ ပြင်ဆင်နေကြပြီ။
ဒီတစ်ခေါက်တော့ ကျွန်တော့တို့
4 ယောက်ထဲ မဟုတ်ပဲနဲ့။
အဖေရဲ့ လူယုံဖြစ်တဲ့ *ဦးကျော်ဇောဟိန်း*နဲ့
သူ့ကလေးနှစ်ယောက်ပါ ပါလာမှတဲ့။
လူများတော့ ပျော်စရာကောင်းမှာပေါ့။
ကျွန်တော်လည်း အောက်ထပ်ဆင်းလာတော့

"ကိုမင်းသန့် သူက ဦးဟိန်းရဲ့
သား ကို*ကျော်မင်းဟိန်း*တဲ့
သူက သားနဲ့ အတန်းဖော်သူငယ်ချင်း
ဦးဟိန်းရဲ့ သမီး *သော်တာဟိန်း*
သူတို့နှစ်ယောက်က တစ်နှစ်ပဲ
ကွာတာတဲ့။"

ကျွန်တော့ကို မြင်တော့ သူ့သူငယ်ချင်း
အသစ်တွေကို လာကြွားတဲ့ ရဲမာန်လေး။

"ဟုတ်ပါပြီဗျ။
ဒီနေ့တစ်နေကုန် တွေ့ရမှာကို
ပြီးမှ မိတ်ဆက်ပေးလည်း ရပါတယ်
ရဲမာန်ရယ်"

"မရပါဘူး။ကျွန်တော်က သော်တာတို့နဲ့
လိုက်သွားမှာ။ကိုကြီးက အမေတို့နဲ့
လာခဲ့"

"ဗျာ ကိုကြီးက တစ်ယောက်ထဲ လာရမှာလား"

"ဟုတ်တယ်။သားသွားပြီးနော်။"

သော်တာဆိုတဲ့ ကောင်မလေး လက်ကိုဆွဲပြီး
ဦးဟိန်းကားပေါ် တက်သွားတဲ့
ရဲမာန်လေးကို မြင်တော့
ကျွန်တော့ စိတ်ထဲ တစ်မျိိုးကြီးပဲ
အမြဲ ကျွန်တော့နား ကပ်နေတဲ့
ကောင်လေး အခုလို ကျွန်တော်နား
မကပ်ပဲ တစ်ခြားတစ်ယောက်နဲ့
ပါသွားတော့ ကျင့်သားမရသေးလို့
နေမှာပါ။

ဦးဟိန်းတို့ သုံးယောက်နဲ့ ရဲမာန်က
ကားတစ်စီး ကျွန်တော်တို့
သုံးယောက်က ကားတစ်စီးနဲ့
အတူတူ ချောင်းသာကို ထွက်လာခဲ့ကျတယ်။

လမ်းမှာ တောင်တတ်လမ်းတွေ
အရမ်းများတာကြောင့် အမေလည်း
ခေါင်းတွေမူးပြီးအန် ကျွန်တော်ကော
ရှေ့ကားမှာ ပါသွားတဲ့ ရဲမာန်သူငယ်ချင်းဆိုတဲ့
ကောင်မလေးပါ အန်နေခဲ့တာကြောင့်
သွားတဲ့လမ်းမှာမှ အဖေပိုင်တဲ့
တောင်ပေါ်က ရာဘာခြံပါ အပါ
အိမ်လေးပါရှိတဲ့ ခြံလေးထဲကို
ကားနှစ်စီးလုံး ကွေ့ဝင်သွားခဲ့တယ်။

အမုန်းလွန်၍...(Completed)(U+Z)Where stories live. Discover now