part-2(U+Z)

2.9K 105 0
                                    

(Unicode)

ကျွန်တော်အိပ်နေရင်းနဲ့ ကားလေးနည်းနည်း
စောင်းသွားတာကြောင့် နိုးတဝက်အိပ်တစ်ဝက်
အခြေအနေကို ရောက်သွားခဲ့တယ်။
ကျွန်တော့ရဲ့ မျက်လုံးလေးတွေကို
အသာလေးဖွင့်လိုက်တော့။
ဝေဝါးနေတဲ့ အခြေအနေနဲ့
ကျွန်တော့ရဲ့ ကော့ပြန်နေတဲ့
မျက်တောင်လေးတွေရဲ့ အရိပ်လေးတွေလည်း
ကျနေခဲ့တယ်။
ကျွန်တော့မျက်လုံးသေချာဖွင့်ကြည့်လိုက်တော့
ကျွန်တော်တို့ ကားကလေးလွဲလို့
ဘေးပတ်ဝန်ကျင် အကုန် စိမ်းလန်းနေခဲ့တယ်။
မျက်စိတစ်ဆုံး ဘယ်ဘက်ကြည့်ကြည့်
လယ်ကွင်းတွေနဲ့ ပြည့်နေခဲ့တယ်။
အပေါ်ကနေ ကြည့်လိုက်ရင်
အစိမ်းရောင် လယ်ကွင်းတွေက
ကျွန်တော်တို့ ကားအဖြူလေးကို
ဝါးမြိုထားသလိုပါပဲ။
မညီတစ်ညီနဲ့ လမ်းကလေးဖြစ်တာကြောင့်
ကားလေးက ဘယ်ရမ်းညာရမ်းနဲ့
ရွေ့လျားနေခဲ့တယ်။
အခုကျွန်တော်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်
ပြန်အိပ်လို့ မရနိုင်တော့ပါဘူး။
ဒီလယ်ကွင်းတွေကြားထဲက ဖျက်သွားခဲ့ရင်
ဘယ်များရောက်မလည်း ဆိုတဲ့
စိတ်လှုပ်ရှားမှုကြောင့် ကျွန်တော်
ဆက်အိပ်လို့ မရနိုင်တော့ပါဘူး။
ကျွန်တော်နိုးလာမှန်းသတိထားမိတဲ့ အမေက

"ရဲမာန် နိုးပြီလား။သားပြန်အိပ်ရင်
အိပ်ပါလား နောက်နာရီဝက်
တစ်နာရီလောက် သွားရအုန်းမှာ၊
သားအိပ်လိုက်တော့ အိပ်ရေးဝတာပေါ့"

"အမေ သား အိပ်ရေးဝနေပြီဗျ။
သားထပ်မအိပ်ပါရစေနဲ့နော်။
ကြာကြာအိပ်ရင် ထိုင်းမှိုင်းတယ်လေနော်
အမေ"

"ဟုတ်ပါပြီရှင့် အဆင်ပြေလည်း
ပြီးတာပါပဲ"

တကယ်တော့ ကျွန်တော် အိပ်ရေးမဝပါဘူး။
ညကလည်း အမေတို့မသိအောင်
ဂိမ်းခိုးဆော့နေခဲ့တာ မနက်ကလည်း
စောစောထရသေးတယ်။
လွှတ်ထားရင် နောက်နေ့ထိပါ
အိပ်ပလိုက် ချင်တာ တကယ်ပါ။
ကျွန်တော် နာရီဝက် တစ်နာရီလောက်
စောင့်ရမယ် ဆိုပင်မဲ့ အရမ်းသိချင်နေတာကြောင့်
အမေ့ကို မေးလိုက်တော့တယ်။

"အမေ သားတို့ဘယ်သွားမှာလည်း?
အခုကော ဘယ်ရောက်နေတာလည်း?
ဟိုမှာ ဘာတွေရှိလည်း?
ဘာလုပ်ဖို့ သွားမှာလည်း?
အမေ.....သားမေးနေတာ ဖြေပါအုန်းဗျာ"

အမုန်းလွန်၍...(Completed)(U+Z)Where stories live. Discover now