part-17(U+Z)

1.4K 52 7
                                    

(Unicode)

မင်္ဂလာပွဲပြီးပြီမို့ အကုန်လုံး
အသီးသီးပြန်ကုန်ကျပြီ။
အကုန်လုံး ပြန်သွားပင်မဲ့
ထိုင်ခုံမှာ ထိုင်ပြီး အတွေးနွံထဲ နစ်နေတဲ့
တစ်ယောက်ကတော့
ထွက်မလာသေးတာကြောင့်
မင်းသန့်က ရဲမာန်ကို သွားခေါ်မို့
ရဲမာန်နားကို သွားနေချိန်မှာ။

📞🎼me..me..me..me..real...me🎼

"Hello ဘယ်သူလည်း"

"ကိုမာန် ကျွန်မလေ ခိုင်သွဲ့ပါ"

"အော် ဘာကိစ္စလည်း"

"ကျွန်မနဲ့ အတူသောက်ပေးဖို့
လူမရှိလို့ ကိုမာန် လိုက်ခဲ့ပေးပါလားဟင်"

"ငါလိုက်ရင် ဘာရမှာ မို့လို့လည်း"

"ကိုမာန် လိုချင်တာ အကုန် ရစေရမယ်"

"ကိုယ်အခုလာနေပြီ ခိုင်"

သွားခေါ်ဖို့ သွားပြီး ဖုန်းပြောနေတာကြောင့်
ရပ်စောင့်နေတဲ့ မင်းသန့်ဘက်ကို
လှည့်ကြည့်ပြီး။

"ငါဒီနေ့ည အိမ်ပြန်မလာဘူး
သွားစရာရှိလို့"

"ဒါပင်မဲ့ ဒီနေ့...."

ငါတို့ မင်္ဂလာဦးညလေလို့
ပြောတာလေးကိုတော့
ဆုံးအောင် နားထောင်သွားသင့်တယ်မလား။
မင်းငါ့အပေါ် အရမ်း ရက်စက်လွန်းတယ်ကွာ။
ရက်စက်လွန်းတဲ့ မင်းကို
မုန်းလို့လည်းမရ မေ့လို့လည်းမရ
လက်လွှတ်လည်း မပေးနိုင်တာ
ဘာကြောင့်လည်း။
မင်းကို ချစ်နေရတာ ဝဍ်ကြွေး တစ်ခု
ဖြစ်နေ့ခဲ့တာလား။
...........................................
သီချင်းသံတွေ ဆူညံပြီး
မျက်စိနောက်လောက်အောင်
ထွန်းထားသော ရောင်စုံမီးများ
မူးပြီး ကနေသော လူတစ်ချို့
ထိုလူတွေဘေးက ခုံမှာ ထိုင်နေတဲ့
သူက သူ့ကို ဖုန်းဆက်ခေါ်တဲ့သူ
ဖြစ်တာကြောင့် ခိုင်သွဲ့နား
သွားထိုင်လိုက်တဲ့ ရဲမာန်။

"ကိုမာန် ရောက်ပြီလား
ခိုင်က ကို့ကို စောင့်နေတာ
ကိုမာန် လာကောလာပါ့မလားလို့
စိတ်ပူနေတာ"

"ခိုင်ခေါ်တာကို ကိုက မလာစရာလားဗျာ။"

"လာပေးလို့ ကျေးဇူးပါရှင့်။
သောက်ဖို့ခေါ်ထားတာဆိုတော့
ကိုဘာသောက်မလည်း ခိုင်တိုက်မယ်လေ"

အမုန်းလွန်၍...(Completed)(U+Z)Tahanan ng mga kuwento. Tumuklas ngayon