part-15(U+Z)

1.3K 50 12
                                    


(Unicode)

"သော်တာ မနေ့ကလေ
ငါဟယ် အရမ်းချောတဲ့
အကိုကြီးတစ်ယောက်ကို
တွေ့ခဲ့တယ်"

"လုပ်ပြန်ပြီလား ခိုင်သွဲ့မ
နင်ပွေရှုပ်နေတာတွေကိ​ု ရပ်ပါတော့"

"သူ့ကိုသာ ရရင်
ငါမပွေရှုပ်တော့ဘူး တကယ်"

"နင်ဟာ တော်ပါတော့ဆို"

"ဒီတစ်ခါ တကယ်နောက်ဆုံးပါ
အားကိုးချင်စရာ ကောင်းလွန်းတဲ့
ကိုယ်လုံးနဲ့ သြဇာအာဏ ကြီးမားလွန်းတဲ့
သူ့ရဲ့ အကြည့်တွေက ငါ့နှလုံးသားကို
ဓားနဲ့ မွှန်းနေသလိုပဲမို့
သူမှမရရင် ငါရူးလိမ့်မယ် သော်တာ။
ငါတကယ် ရူးလိမ့်မယ်"

"နင်လုပ်ချင်တာ လုပ်တော့
ငါနင့်ကို ပြောချင်စိတ်ပျောက်နေပြီ။
နဂိုထဲက စိတ်ညစ်နေရပါတယ်ဆို"

"ဘာတွေ စိတ်ညစ်နေတာလည်း
ငါ့သူငယ်ချင်းလေးက"

"ငါစိတ်ညစ်နေတယ်ဆိုမှာတော့
ဘာကြောင့် ဖြစ်ရမလည်းဟာ
မမခင်ပေါ့"

"မမခင်က ဘာလုပ်လို့လည်း"

"အခုတလော မမခင်ကိုလေ
ဘယ်ကမှန်း မသိတဲ့ အကောင်တစ်ကောင်က
ရုံးလာပို့လိုက် လာကြိုလိုက်နဲ့
ပြီးရင် သူတို့နှစ်ယောက် ပြုံးပြုံးနဲ့
ပြန်သွားကျတယ်။
အဲ့ကောင် အနားမှာ ရှိနေရင်
ငါ့ကို လူလို့ကိုမမြင်တာဟာ။"

"သူတို့က သူငယ်ချင်းတွေ ဖြစ်မှာပါဟာ"

"မဟုတ်ဘူးဟ ငါတော့ မထင်ဘူး
သူတို့က တစ်ခုခုတော့ တစ်ခုခုပဲ"

"နင်အဲ့ကိစ္စကို အခဲမကြေရင်
မမခင်ကိုပဲ မေးကြည့်လိုက်လေ"

"မေးရမှာ ကြောက်တယ်
သူ့နားရောက်တာနဲ့ အဆက်မပြတ်
ခုန်နေတဲ့ ရင်တောင် မနည်းထိန်းထားရတာ
သူ့ကို မေးခွန်းထုတ်ဖို့ဆိုတာ
ဝေးရော။
အလုပ်လေး ပြီးပြီလား မေးဖို့တောင်
သူ့ရဲ့ ကြောက်စရာ အကြည့်ကြီးကို
ခံနေရတာ။"

"နင့်မကြီးခင်ကို မမေးရဲရင်
သူ့နောက်လိုက်တဲ့ အကောင်ကို
မေးကြည့်ပေါ့။
မမခင်နဲ့ ဘယ်လိုပတ်သက်တာလည်းလို့"

"သွားမေးလို့ ရပါ့မလား"

"ရတာပေါ့ ယောက်ကျားတွေက
နင့်လို ချောချောလေး လာမေးတာကိုတော့
မဖြေပဲ မနေပါဘူး။"

အမုန်းလွန်၍...(Completed)(U+Z)Where stories live. Discover now