အပိုင်း ၃၅

2K 86 0
                                    

အချိန်​တွေ​ပြောင်းလဲသွားပြီး​နောက်.....

ဘွဲ့ ဝတ်စုံ ဝတ်ထားတဲ့ သွန်း​နေခြည်က ဘွဲ့နှင်းသဘင် ခန်းမ​ထဲက​နေ ထွက်လာခဲ့တယ်။ သူမ ထွက်လာပြီး​တော့ စိတ်အလိုမကျစွာ ဟိုဟိုသည်သည် လိုက်ကြည့်​နေမိတယ်။

လမ်းတစ်​လျှောက်က​နေ ​ပန်းစည်းတစ်ခုကို ကိုင်ပြီး ​ပြေးလာတဲ့ အိမ့်နဒီကို မြင်​တော့မှ သူမရဲ့ မျက်နှာက ပြုံးလာခဲ့တယ်။

"သမီးရဲ့ ​ကောင်မ​လေးဆိုတာလား"

​မေးလာသူမှာ သူမရဲ့အ​မေ ပန်းသွန်းမိုးပင်။

ပန်း; "ချစ်စရာ​တော့ ​ကောင်းသားပဲ​နော် အမရာ"

​ဘေးမှ ​ဒေါ်အမရာမှိုင်က​တော့ ​ပြေးလာတဲ့ အိမ့်နဒီကို ကြည့်​နေရင်း မျက်နှာ​ပေါ်က အပြုံး​တွေ​ပျောက်ကွယ်ပြီး တည်တံ့သွားတယ်။

သွန်း; "မား ဘာဖြစ်လို့လဲ"

အမရာ; "ဘာမှ မဖြစ်ပါဘူး ပုံစံက က​လေးလိုပဲ ရှိ​သေးတာပဲ"

သွန်း; "အဲ့ဒါ​ကြောင့်​လေ သူ့ကို ဘွဲ့တစ်ခုရသွားပြီ ​ပြောရင် ဘယ်သူမှ မယုံဘူး ​နောက်ဘွဲ့တစ်ခုယူဖို့က အားထုတ်​နေပြီ"

သွန်း​​နေခြည်တစ်​ယောက် သူမရဲ့ ​ကောင်မ​လေး ​တော်​ကြောင်းကို ကပ်ကြွားလိုက်​သေးတယ်။
ထိုအချိန်မှာပဲ အိမ့်နဒီက ခန်းမ​ရှေ့​ရောက်လာတာမို့ သွန်း​​နေခြည် သူမကို လက်ယမ်းပြလိုက်တယ်။

ပန်း; "ကြွား​နေ​သေးတယ် ဘွဲ့ယူထားတာ​တောင် ၁ပါတ်မပြည့်​သေးဘူးမလား"

သူမအ​မေ ဝင်​ပြောလိုက်တဲ့စကားကို သွန်း​နေခြည် ရုပ်တည်နဲ့ပဲ မကြားချင်​ယောင်​ဆောင်လိုက်တယ်။ တကယ်လဲ အိမ့်နဒီ ဘွဲ့ယူထားတာက ၁ပါတ်​တောင်မပြည့်​သေးပဲ သူမထက်ကို ၂ရက်​လောက်သာ အရင်ကျခြင်းဖြစ်တယ်။

သွန်း; "ဘာလို့ ​ပြေးလာတာလဲ ပင်ပန်း​အောင်လို့"

​ရောက်​ရောက်ချင်း စကား​တောင် မ​ပြောနိုင်ပဲ ​ဟောဟဲလိုက်​နေရာမှ အိမ့်နဒီ လက်ထဲက ပန်းစည်းကို သွန်း​နေခြည်ကို ​ပေးလိုက်တယ်။ ပြီး​တော့ ခဏ​လောက် အ​မော​ဖြေ​နေခဲ့တယ်။

My Roommate was changing(completed)Where stories live. Discover now