ညနေပိုင်းမှာတော့ သွန်းနေခြည်တစ်ယောက် ပုံမှန်ထက်ကို နောက်ကျပြီးမှ အဆောင်ကို ပြန်ရောက်လာတယ်။
သူမအခန်းထဲ ဝင်လိုက်ချိန်မှာ အိမ့်နဒီက တစ်ယောက်ထဲ ထမင်းစားနေခဲ့တယ်။ သူမရဲ့ ဖုန်းကို အရှေ့မှာချထားပြီး ဇာတ်လမ်းကြည့်ရင်း စားနေခြင်းပင်။
သွန်းနေခြည် ဆိုင်ကယ်ဘောက်ထဲမှ ထုတ်လာသော သူမစာအုပ်များကို စာအုပ်တင်တဲ့ခုံပေါ်မှာ စီနေပြီး သူမအခန်းဖော်က အနည်းငယ်မူမမှန်နေဘူးဆိုတာကိုလည်း သတိထားမိနေခဲ့တယ်။
ပုံမှန်ဆို သူမအပြန်နောက်ကျလျှင် မျက်နှာက မသာမယာဖြစ်နေကာ သူမကထမင်းစားဖို့ စောင့်နေရတာကြာပြီဖြစ်ကြောင်း ပြောလာလိမ့်မည်ပင်။
ဒါပေမဲ့ ယခုသူမက သူမ(သွန်းနေခြည်)ကိုဂရုတောင်မစိုက်ဘဲ သူမဘာသာ ဖုန်းကို စူးစိုက်ကြည့်ရင်း ထမင်းကို စိမ်ပြေနပြေစားနေခဲ့တယ်။
ရားးးးးးး ဂန်ဆိုးဂျင်
"ဟား ဟီး ဟီး ဟီး"
အိမ့်နဒီတစ်ယောက် ဇာတ်လမ်းကိုကြည့်ပြီး အကျယ်ကြီး ထရီမိရာ ချက်ချင်း အသံကိုပြန်တိုးပြီး တစ်ဟီးဟီး ရီလိုက်တယ်။
ဒါကြောင့် သွန်းနေခြည်က သူမကြည့်နေတဲ့ ဇာတ်လမ်းက Waikiki ဖြစ်တယ်ဆိုတာကို သွားမကြည့်ဘဲတောင်ပြောနိုင်တယ်။
အိမ့်နဒီက ထမင်းစားတိုင်း ထိုကားကိုအခေါက်ခေါက်အခါခါ မပျင်းမရိ အမြဲကြည့်တတ်တဲ့ အကျင့်ကို သူမမှတ်မိနေလို့ပါဘဲ။ယခုသူမကြည့်နေတာကလီဂျွန်ကီနှင့် ဂန်ဆိုးဂျင်တို့ နမ်းနေတာကို ဂန်ဒေါင်ဂူက မိသွားတဲ့ အခန်းဖြစ်တယ်ဆိုတာ အသံနားထောင်တာနဲ့တောင်သူမသိနိုင်တယ်။
သွန်းနေခြည် သူမစာအုပ်များကို နေရာတကျ ထားပြီး ဆပ်ပြာခြင်းနဲ့ တဘက်ကို ယူကာ ရေချိုးဖို့ ထွက်လာလိုက်တယ်။ သူမခေါင်းထဲမှာတော့ သူမအခန်းဖော် ဘာဖြစ်နေသလဲဆိုတာကို တွေးနေခဲ့တယ်။
အိမ့်နဒီက သွန်းနေခြည် ထွက်သွားတဲ့ နောက်ကို မျက်စိစွေကာ ကြည့်လိုက်တယ်။